Wednesday, February 04, 2015

ဒေါ်အောင်ဆန်းစုကြည် ၏ သမိုင်းဝင်အိမ်ခြံ တံခါးဟောင်း အွန်လိုင်းမှ လေလံ တင်မည်


ဒေါ်အောင်ဆန်းစုကြည်ထံမှ ဝယ်ယူထားသော သမိုင်းဝင်နေ အိမ်ခြံ တခါးဟောင်းကို အွန်လိုင်း လေလံ စနစ်အဖြစ် ယခုတစ်ပတ်အတွင်း တရားဝင်ရောင်းချသွားမည်ဖြစ်ကြောင်း တံခါးအားလက် ရှိပိုင်ဆိုင် ထားသူ တော်ဝင်နှင်းဆီ ဦးစိုးညွန့်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှခေါင်းဆောင်များသည် ထိုတံခါးပေါ် ရပ်၍မိန့်ခွန်းများပြောကြားခဲ့ခြင်း ကြောင့်အဆိုပါတံခါးမှာ သမိုင်းဝင်ပစ္စည်းတစ်ခု ဖြစ် ကြောင်း ၄င်းကဆက် ရှင်းပြသည်။

”ဒီတံခါးက မြန်မာနိုင်ငံအတွက်တင်မဟုတ်ဘူး။ နိုင်ငံတကာနဲ့ ဆိုင်တဲ့ ကိစ္စမို့လို့အွန်လိုင်းကနေရောင်း မှာပါ။

အခုထိလာရောက် လေ့လာသူတွေကတော့ များပါ တယ်”ဟုဦးစိုးညွန့်က ဆက်ပြော သည်။

အဆိုပါတံခါး ရောင်းချရန် လေလံကြမ်းခင်းဈေးမှာ မြန်မာ ငွေကျပ်သိန်း ၂ဝဝဝ အမေရိကန် ဒေါ်လာ ၂ သိန်း ခန့်ခေါ်ဆိုထား ကြောင်း ၄င်းကဆက်ပြောသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List