Monday, February 02, 2015

စွမ်းအင်စီမံကိန်းကို ဆန့်ကျင်သည့်အနေဖြင့် ဝန်ကြီးချုပ် မိန့်ခွန်းပြောစဉ် လျှပ်စစ်မီးဖြတ်တောက်ဆန္ဒပြ


ပြင်သစ်အစိုးရရဲ့ စွမ်းအင်ပြန်လည်တည်ဆောက်ရေးအစီအစဉ်ကို ဆန့်ကျင်တဲ့ အနေနဲ့ သမဂ္ဂအဖွဲ့အစည်း တချို့က ပြင်သစ်ဝန်ကြီးချုပ် မန်နျူရယ်ဗောလ် ရဲ့ အင်္ဂါနေ့က မိန့်ခွန်းပြောကြားမှုကို မီးဖြတ်တောက်ပြီး ဆန္ဒပြ ခဲ့ကြတယ်လို့ သိရပါတယ်။
လူပေါင်း ၇ဝဝခန့်ကို ပြင်သစ်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားနေချိန်မှာ မီးပြတ် သွားတဲ့အတွက် မိန့်ခွန်းပြော ကြားခဲ့မှုကို ရပ်တန့်ခဲ့ရပြီး တစ်နာရီခန့်ကြာ မြင့် ပြီးနောက် မီးပြန်လာမှသာ ဝန်ကြီးချုပ်က မိန့်ခွန်းပြန် လည်ပြောကြားနိုင်ခဲ့တယ် လို့ သိရပါတယ်။

အဆိုပါဖြစ်ရပ်အတွက် အစိုးရက ထိန်းချုပ်ထားတဲ့ လျှပ်စစ်ဖြန့်ဖြူးရေးအဖွဲ့ (ERDF)က စုံစမ်းစစ်ဆေး မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြင်သစ်အစိုးရရဲ့ စွမ်းအင်ပြန်လည်တည်ဆောက်ရေးအစီအစဉ်ဟာ နိုင်ငံတွင်း အသုံးပြုနေတဲ့ နျူကလီးယား စွမ်းအင်ကို ၇၅ရာခိုင်နှုန်းက ရာခိုင်နှုန်း ၅ဝ အထိ လျှော့ချသွားဖို့နဲ့ နေရောင်ခြည်နဲ့ လေကတစ်ဆင့် လျှပ်စစ် ဓာတ်အား ရယူသုံးစွဲရေးကိုမြှင့်တင်ဖို့ ဖြစ်ပါတယ်။

အခု အစီအစဉ်ကို သမဂ္ဂအဖွဲ့အစည်းအချို့က လျှပ်စစ်ဓာတ်အားသုံးစွဲခ ပိုမိုမြင့်တက်လာနိုင်တယ်ဆိုပြီး ကန့်ကွက်လျက်ရှိကြပါတယ်။

Ref: Reuters
Yangon Media Group

No comments:

Post a Comment

My Blog List