Monday, February 02, 2015

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့


ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့(ဗိုလ်ချုပ်မွေးနေ့ကို အထိမ်းအမှတ်ပြုထားသော ကလေးများနေ့) အခမ်းအနားများကို မြန် မာနိုင်ငံ တစ်နိုင်ငံလုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် အမှတ်တရ ဖြစ်စေသည့် နေ့ထူးနေ့မြတ် တစ်ရက်ရက်ကို ကလေးများနေ့ အဖြစ် သတ်မှတ်၍ အခမ်းအနားများ၊ အထိမ်းအမှတ်များ ကျင်းပလေ့ရှိသည်။

မြန်မာနိုင်ငံတွင် “ဗိုလ်အောင်ဆန်းလို သူရဲကောင်းများ မွေးကြရမယ်” ဟူသည့်အတိုင်း ထူးချွန် ထက်မြက်သော မျိုးဆက်သစ်ကလေးသူငယ်များ ထွက်ပေါ်လာစေရန် ရည်သန်၍ ဗိုလ်ချုပ် အောင် ဆန်း မွေးဖွားခဲ့သော ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ ကလေးများနေ့ အဖြစ် ၁၉၅၇ ခုနှစ်မှ စတင်၍ ကျင်းပ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၁၉၅၇ ခုနှစ်က ရန်ကုန်မြို့၊ ဗိုလ်ချုပ်ပန်းခြံ၌အခမ်းအနားကျင်းပခဲ့ပြီး ကလေးသူငယ်အကျိုး ဆောင် ဥက္ကဋ္ဌကြီး စဝ်ရွှေသိုက်၊ လွှတ်တော် ဥက္ကဋ္ဌကြီးဗိုလ်မှုးအောင်၊ မြို့တော်ဝန် ဦးမောင်မောင်တို့ တက်ရောက်ခဲ့ပြီး ကလေး သူငယ်များ စောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌဒေါ်ခင်ကြည်က ဘက်စုံ ထူးချွန်သောကလေး သူငယ် များအား ဗိုလ်ချုပ်အောင်ဆန်း ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

(Photo-MRTV)
Hmuu Zaw

No comments:

Post a Comment

My Blog List