Thursday, February 05, 2015

မြေယာပြဿနာမဖြေရှင်းနိုင်သရွေ့ တိုးတက်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံ၏ စီးပွားရေးတိုးတက်ရန်မှာ အဓိက ဖြေရှင်းရမည့် ပြဿနာဖြစ်ပြီး မြေယာပိုင်ဆိုင်မှုပြဿနာများကို မဖြေ ရှင်းနိုင်သရွေ့ စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံသည် မည်သို့မျှ တိုးတက်မည်မဟုတ်ဟု နိုင်ငံတကာက သုံးသပ်ထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံတွင် လယ်ယာ မြေနှင့်ပတ်သက်၍ ပြဿနာအများအပြားရှိနေပြီး ရှုပ်ထွေးမှုလည်းများကြောင်း လယ်ယာမြေ ပြဿနာသည် နိုင်ငံ၏ အကြီးဆုံးပြဿနာဆိုသည်ကို နိုင်ငံတကာကလည်း အသိအမှတ်ပြု ထား ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

‘‘ဒါဟာ နိုင်ငံအတွက်အင်မ တန်မှ အရေးကြီးတဲ့ကိစ္စဖြစ် တယ်။ နေ့ချင်း ညချင်းလည်း ရှင်းလို့ရမှာမ ဟုတ်ဘူး။ 

ကျွန်မပြောချင်တာက စိတ်ကိုတော့ ခိုင်ခိုင်ထား။ ဆက်ပြီးတော့ရုန်းကန်ရဦးမှာပဲ’’ဟု ဒေါ်အောင်ဆန်း စုကြည်က မန္တလေးမတ္တရာမှ ဒေသခံ တောင်သူများနှင့်ပြည်သူ့လွှတ် တော်အစည်းအဝေးအပြီိးတွေ့ ဆုံစဉ် တွင် ပြောကြားခဲ့ခြင်းဖြစ် သည်။

လယ်ယာမြေပြဿနာများသည် တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားနေခြင်းဖြစ်ပြီး ဖြေရှင်းနည်းမျိုးစုံကိုသုံး၍ဖြေရှင်း ရပြီး နည်းတစ်မျိုး တည်းနှင့် ဖြေရှင်း၍မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မန္တလေးနှင့် စစ်ကိုင်းတိုင်းမှ တောင်သူများသည် လယ်ယာမြေ များသိမ်းဆည်းခံရခြင်းနှင့် လျော် ကြေးမရ ရှိခြင်း၊ သိမ်းဆည်းသည့် အဖွဲ့အစည်းများနှင့် တရားရင် ဆိုင်နေရမှုအခြေအနေများကို လွှတ်တော်လေ့ လာရေးခရီးလာရောက်စဉ် ပြည်သူ့လွှတ်တော်တ ရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်ကိုပြောကြား ခဲ့ခြင်းဖြစ်သည်။

မြေယာပြဿနာဖြေရှင်း လျက်ရှိရာတွင် ခေတ်နှင့်ဆီလျော် မှုမရှိတော့သည့် ဥပဒေ၊ စည်း မျဉ်းနှင့် လုပ်ထုံး လုပ်နည်းများ၊ ခိုင်မာသော ပိုင်ဆိုင်မှုအထောက်အထားမရှိမှုစသည်တို့အပါအ၀င် အဟန့်အတားများရှိနေ သည်ဟု အစိုးရကဖေဖော်ဝါရီ ၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့်မြေယာ ပြဿနာဖြေရှင်းခြင်းအတွက် ကုလ သမဂ္ဂလူ့အခွင့်အရေးအစီ ရင်ခံစာတင်သွင်းသည့်မစ္စရန်ဟီးလီမြန်မာနိုင်ငံမြေယာအခြေအ နေနှင့်ပတ်သက် သည့်ပြောကြား ချက်အပေါ် ဖြေရှင်းချက်တွင် ဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံအစိုးရ အနေဖြင့် မြေယာပြုပြင်ပြောင်း လဲမှုများ ဦးစားပေးအကောင် အထည်ဖော်သွား မည်ဖြစ်ပြီးနိုင်ငံတွင်း ကျယ်ပြန့်များပြားသော မြေယာများရှိခြင်းကြောင့် ဤမြေ ယာပြဿနာဖြေရှင်းရေး လုပ်ငန်း သည် နေ့ချင်းညချင်းပြီးဆုံးနိုင် မည်မဟုတ်ပါဟူ၍ အစိုးရ၏ တ ရားဝင်ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List