Thursday, February 05, 2015

သမိုင်းဝင်ဘွဲ့ထူးတစ်ခုနှင့် နေ့တစ်နေ့ကိုလှစ်ဟခြင်း





‘‘လှစ်ဟခြင်း’’ဆိုကတည်းက အကြောင်းအားလျော်စွာ လွှမ်းအုပ်နေခြင်း၊ ဖုံးအုပ်၊ ဖုံးကွယ်နေခြင်း၊ ကာရံနေခြင်း၊ တိမ်မြုပ်နေခြင်း စသည်တို့ကို ဖွင့်လှစ်ဖယ် ရှားဖော်ထုတ်ခြင်းပင်ဖြစ်ပါသည်။ ဘာကြောင့် လှစ်ဟပြသချင်ရပါသနည်းဟူမူ သိစေအပ်၊ သိစေချင်၊ မြင်စေချင်၊ မထင်မရှား မှေးမှိန်နေသည်ကို ထင်ရှားပေါ် လွင်စေခြင်း၊ တန်ဖိုးထားမြတ်နိုးစေခြင်းကြောင့်သာဖြစ်ပါသည်။ မြန်မာအဘိဓာန် အကျဉ်းချုပ် တွင် ‘‘လှစ်’’  ဟူသောဝေါဟာရကို ဖော်ထုတ်ရှင်းလင်းခြင်းဟု  အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ 

 သို့ပါ၍ မြန်မာ့သမိုင်းတွင် မော်ကွန်းတင်ခဲ့သော ဘွဲ့ထူးဂုဏ်ထူးတစ်ခု နှင့် သမိုင်းဝင်နေ့တစ်နေ့ရှိခဲ့သည်ကို တင်ပြလိုပေသည်။

မြန်မာ့သမိုင်းတွင် ကမ္ဘာတည်သရွေ့ ဘယ်သောအခါမျှ မေ့ပျောက်၊ ဖျောက်ဖျက်၍မရ သော ထာဝစဉ်မော် ကွန်းတင်နေ မည့် ‘‘မြင့်မြတ်သမိုင်း ဂုဏ်ဆောင်၊ နိုင်ငံ့ထွတ်ခေါင်၊ လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော်၏ ဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး၊ အာဇာနည်  ဗိုလ်ချုပ်အောင်ဆန်း’’အား ‘‘စံ’’ထားသော ‘‘အောင်ဆန်း သူရိယဘွဲ့’’ဘွဲ့ထူးဂုဏ်ထူးသည် တပ်မတော်၌ စွမ်းရည်သတ္တိဆိုင်ရာ  အမြင့်ဆုံးဘွဲ့ထူး ဂုဏ် ထူးဖြစ်ကြောင်း  မှတ်သားရပါသည်။

ဗိုလ်ချုပ်အောင်ဆန်းတိုင်း ပြည်နှင့် လူမျိုးအတွက် လွတ်လပ် ရေးတိုက်ပွဲဝင်ရင်း ၁၉၄၇ ဇူလိုင် ၁၉ ရက်တွင် ကျဆုံးခဲ့ပြီး ၁၉၄၈ လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်း နှစ်ပေါင်း ၆၀ ခန့်ကာလအတွင်း စွမ်းရည် သတ္တိ နှင့် ပြည့်စုံသူတို့အား ဂုဏ်ပြုချီးမြှင့်ခဲ့သည့် ‘‘အောင်ဆန်းသူရိယ’’ ဘွဲ့ထူး ဂုဏ်ထူးချီးမြှင့်ခဲ့သည်မှာ လက် ချိုးရေတွက်ရလောက်အောင် ခြောက်ဦးသာရှိခဲ့ပေသည်။ အလျဉ်းသင့်၍ သတိရစိမ့်သောငှာ မှတ်တမ်းဖော်ပြပါသည်။

အောင်ဆန်းသူရိယတပ် သား ဆွတ်ဗဟာဒူးရိုင်း၊ အောင် ဆန်းသူရိယတပ်သား  စောမြင့်၊ အောင်ဆန်း သူရိယ  စောဘရီ (ရေသိုးကြီးရွာ၊  သံတောင်မြို့ နယ်)၊ အောင်ဆန်းသူရိယတပ်သား လှသောင်း၊ အောင် ဆန်းသူရိယ ဗိုလ်တိုက်ချွန်း(ခေါ်) တိုက် ကောင်း၊ အောင်ဆန်းသူရိယ ဗိုလ်မှူးအေးချို (၁၉၄၉ ခုနှစ် ဇန်နဝါရီ ၄ ရက် ချီးမြှင့်ခြင်းခံရ သူ)တို့ ခြောက်ဦးသာရရှိခဲ့ဖူးပေ သည်။ ၁၉၄၉ ခုနှစ်နောက်ပိုင်း ယနေ့ခေတ်ထိ ‘‘အောင်ဆန်းသူရိ ယ’’ဘွဲ့သည် အမိနိုင်ငံ၌ တုနှိုင်း မမီ အမြင့်ဆုံးဘွဲ့ထူးဂုဏ်ထူးဖြစ် ၍ ချီးမြှင့်ထိုက်သူ မပေါ်ပေါက် သေး၊ မရှိသေး၍သာ ထင်ရှားပေါ် ထွန်းခြင်းမရှိဟု မှတ်ယူရန် အကြောင်းရှိပါမည်။

ထို့အတူ တပ်မတော်စွမ်း ရည်သတ္တိဆိုင်ရာ ‘‘အောင်ဆန်း သူရိယ’’ဘွဲ့ထူးဂုဏ် ထူးမော်ကွန်း ရှိသကဲ့ သို့ နိုင်ငံတော်ဘွဲ့ထူးဂုဏ် ထူးများတွင်ပါဝင်သော ပညာရေး ကဏ္ဍ၌ ချီးမြှင့်ခဲ့သည့် ‘‘ဗိုလ်ချုပ် အောင် ဆန်း ရွှေတံဆိပ်’’ဟူသော ဂုဏ်ထူးဘွဲ့ ထူး  တစ်ခုရှိခဲ့ပါ သည်။ ၁၉၅၇ ခုနှစ်အထိ ချီးမြှင့် ခဲ့သည့် သမိုင်းအထောက် အထား ရှိခဲ့ပါသည်။ ထိုနှစ်၏နောက်ပိုင်း ယနေ့ခေတ်ထိ နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ‘‘ဗိုလ်ချုပ် အောင်ဆန်းရွှေတံဆိပ်ဆု’’ဆို သည်ကို ချီးမြှင့်ခြင်း မတွေ့ရှိရ တော့ပေ။ (ဖော်ပြချက် မပြည့်စုံ ပါက စာရေးသူ လက်လှမ်းမမီ၍ သာဖြစ်ပါမည်)

၁၉၇၆ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင်ကျင်းပသော ကမ္ဘာ့ကုလ သမဂ္ဂအထွေထွေ ညီလာခံကြီးက ၁၉၇၉ ကို ‘‘အပြည်ပြည်ဆိုင်ရာ ကလေးများနှစ်’’(ကမ္ဘာ့ကလေး များနှစ်)အဖြစ် သတ်မှတ်ခဲ့သဖြင့် မြန်မာနိုင်ငံတွင် ‘‘အပြည်ပြည် ဆိုင်ရာကလေးများနှစ်’’ အထိမ်း အမှတ်ဖွင့်ပွဲကို ၁၉၇၉ ဇန်နဝါရီ၁ ရက် နံနက် ၈ နာရီ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အမှတ် (၄၇)ဖိုက် လမ်းရှိ လူမှုဝန်ထမ်းဌာန၊ မူလတန်းကြိုကျောင်းဝင်းမြက် ခင်း ပြင်တွင် ကျင်းပခဲ့ဖူးခြင်းရှိသည်။
 
ထိုခေတ်၊ထိုနှစ်မတိုင်မီ ၁၉၅၇ ကတည်းကပင် မြန်မာနိုင်ငံ၌ ‘‘ကမ္ဘာ့ခလေး များနေ့’’ (ယခင်မူရင်းသတ် ပုံအတိုင်း) အထိမ်းအမှတ်ပွဲကို ကျင်းပခဲ့ဖူး ပြီး ဖြစ်ပေသည်။ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီး၏ ဆော်ဩတိုက် တွန်းချက်အရ အဖွဲ့ဝင်နိုင်ငံတိုင်း က မိမိတို့နိုင်ငံအလိုက် နေ့ရက် များသတ်မှတ်ပြီး ကျင်းပခဲ့ခြင်း ဖြစ် သည်။ မြန်မာနိုင်ငံ၌ ကျင်းပ သောနေ့ရက်သည် ထူးခြားသော ဝိသေသလက္ခဏာများဖြင့် ပြည့် စုံပေသည်။ ထိုနေ့က ‘‘ကမ္ဘာ့ ခလေး များနေ့’’အထိမ်းအမှတ်ကို ‘‘အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ’’၏ မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်ကို ရွေးချယ် သတ်မှတ်ကျင်းပခဲ့ပေသည်။

စကားချပ်- ၁၉၅၇ ခုနှစ်က ကျင်း ပခဲ့ပုံကို ဆရာကြီး ဇဝနဦးစီးထုတ် ဝေသော ခလေးဂျာနယ်၊ ၁၉၅၇၊ မတ်၊ တွဲ(၃)၊ အမှတ်(၂)၊ စာ စောင်တွင် အထူးသတင်းတစ်ပုဒ် အဖြစ် ဖော်ပြခဲ့သည်။ သမိုင်းတန် ဖိုးမပျက်စေရန် မူရင်းအတိုင်း ဖော်ပြအပ်ပါသည်။

၁၉၅၇ ဖေဖော်ဝါရီ ၁၃ ရက် (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)က ‘‘ကမ္ဘာ့ခလေးများနေ့’’အထိမ်း အမှတ်ပွဲကို ရန်ကုန်မြို့၊ ဗိုလ်ချုပ် ပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ရာ ခလေး သူငယ်အကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌ ကြီး စဝ်ရွှေသိုက် (မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ)၊ လွှတ်တော် ဥက္ကဋ္ဌကြီး ဗိုလ်မှူးအောင်၊ မြို့ တော်ဝန် ဦးမောင်မောင်နှင့် ဧည့် သည်တော်များ တက်ရောက်ကြ ၏။ ၎င်းအပြင် ရန်ကုန်တစ်မြို့လုံး ရှိ ခလေးသူငယ်များနှင့် အဖွဲ့ အစည်းများအပြင် ကျောင်းပေါင်း စုံမှ ကျောင်းသား၊ ကျောင်းသူ များ၊ ခလေးသူငယ်များ အင်တိုက် အားတိုက် တက်ရောက်ကြလေ သည်။

‘‘ကမ္ဘာ့ခလေးများနေ့အခမ်း အနား’’တွင် ‘‘ကမ္ဘာ့ခလေးများနေ့’’သဝဏ်လွှာနှင့် အဓိဋ္ဌာန်စာတမ်းကို ဖို့မြေ‘‘မြူနီစီပယ်ကျောင်း’’မှကျောင်းသားကလေး မောင်သောင်းရှိန်က ဖတ်ကြားလေသည်။

ဗမာတစ်ပြည်လုံးရှိ ကျောင်း သား၊ ကျောင်းသူများအနက် ပညာကြိုးစားခြင်း၊ အကျင့်စာ ရိတ္တကောင်းမွန်ခြင်း၊ လူမှုဝန် ထမ်းစိတ်ရှိခြင်း၊ မျိုးချစ်စိတ် ထက်သန်ခြင်း၊ ကစားခုန်စားထူး ချွန်ခြင်း၊   စည်းကမ်းသေဝပ်ခြင်း တို့နှင့် ပြည်စုံညီညွတ်သော ကျောင်းသားအား ‘‘ဗိုလ်ချုပ် အောင်ဆန်းရွှေတံဆိပ် ဆု’’ကို ချီး မြှင့်လေသည်။
 
၎င်းဆုကို တိုက်ကြီးမြို့၊ အစိုးရအလယ်တန်းကျောင်းမှ ဆဋ္ဌမတန်းသား  မောင် ထွန်း အောင်လှ၊ (၁၄)နှစ်က ဆွတ်ခူး သွား၏။ ထိုကျောင်းသားကလေး မှာ တိုက်ကြီးမြို့မှ ဦးဘဟန်၊ ဒေါ်သိန်းခင်တို့၏သားဖြစ်သည်။ ရန်ကုန်ခရိုင်ရှိ ကျောင်းသား၊ ကျောင်းသူထဲမှ ထူးချွန်သူ ဒေါပုံ အလယ်တန်းကျောင်းမှ ဆဋ္ဌမ တန်းသား မောင်အေး၊ (၁၃)နှစ် အား ဗိုလ်ချုပ်ကတော် ဒေါ်ခင် ကြည်၏ ရွှေတံဆိပ်ဆုကို ချီးမြှင့် လိုက်လေသည်။ မောင်အေးမှာ ဒေါပုံမှ ဦးအုန်းမောင်၊ ဒေါ်သိန်း တို့၏ သားကလေးဖြစ်လေသည်။

အထက်ပါသတင်းဖော်ပြ ချက်သည် အထိမ်းအမှတ်၊ အခမ်းအနားကျင်းပရာ အစီအစဉ်ထဲမှ တစ်ခုသာဖြစ် ပါသည်။ ကလေး များနှစ်၊ ကလေးများနေ့ အထိမ်း အမှတ်ကျင်းပတာချင်းအတူတူ ၁၉၇၉ လမ်းစဉ်ပါတီခေတ် ကျင်းပ ပုံနှင့် အနှစ်သာရအားဖြင့်ကွာခြား သည်ကို တွေ့ရပါသည်။ ၁၉၅၇ က ‘‘ဗိုလ်ချုပ်အောင်ဆန်း ရွှေတံ ဆိပ်ဆု’’ရရှိသူ မောင်ထွန်းအောင်လှသည် စာရေးသူနေထိုင်ရာ တစ်ရပ်ကွက်တည်း၌ နေထိုင် သွားသူဖြစ် ပါသည်။ မောင်ထွန်းအောင်လှသည် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(ဒဿနိက ဗေဒ)ဖြင့် အောင်မြင်ပြီး ရန်ကုန် မြို့တွင် လူငယ်ရေးရာညကျောင်း ဆရာ၊ ဗျူဟာအသင်းတိုက် သတင်းထောက်၊ ထို့နောက် မြူနီစီပယ်အ တွင်းရေးမှူး၊ နောင်တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရာထူး တာဝန်များဖြင့် ကလေးမြို့၊ မိုးကုတ် ၊ တောင် ကြီး၊ လားရှိုးမြို့နယ်များတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် (၅၃)နှစ်အရွယ်တွင် ၁၉၉၃  ဧပြီ ၂၅ ရက်၌ ဌာနတာဝန်ဖြင့် ခရီးထွက်ခွာခဲ့ရာ ကလောနှင့်ကျောက် ဆည်အကြား ကိုးလောင်း ကွေ့အ ရောက် တွင် မမျှော်လင့်ဘဲ ယာဉ် မတော်တဆဖြင့် ကွယ်လွန်ခဲ့သူ ဖြစ်လေသည်။ ကလောမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ ဓမ္မစကြာ လမ်းတွင် ဇနီးဒေါ်မြညွန့်နှင့်အတူ နန်းခင်ဥမ္မာညွန့်၊ စိုင်းမင်းအောင် ညွန့်၊ နန်းတင်တင်ညွန့်တို့ သား သမီးသုံးယောက်ကျန်ရစ်ခဲ့ပါ သည်။ မောင်ထွန်းအောင်လှ၏ အစ်ကိုကြီးဖြစ်သူ အငြိမ်းစား ကျောင်းဆရာကြီး ဦးကျော်တင့် (၇၆)နှစ်သည် ယခုတိုင် သက် သေသာဓကအားဖြင့် တိုက်ကြီး မြို့၊ ရှမ်းစုရပ်ကွက်၌ ကျန်းမာစွာ မိသားစုများနှင့်အတူ နေထိုင် လျက်ရှိပါသေးသည်။ ဖော်ပြပါ သမိုင်း အထောက်အထား၊ သတင်း၊ စာစောင်ကိုလည်း ဆရာကြီးဦးကျော်တင့်က ကူညီမျှဝေပေးခဲ့ခြင်းဖြစ်ပါသည်။

သို့ပါ၍ နိုင်ငံတော်ဘွဲ့ထူး ဂုဏ်ထူးများအဆင့်တွင် ပါဝင်ခဲ့ သော ပညာရေးကဏ္ဍမှ ‘‘ဗိုလ် ချုပ်အောင် ဆန်း ရွှေတံဆိပ်’’ဆု နှင့်တကွ ချီးမြှင့်ခဲ့သည့် သမိုင်းဝင် နေ့တစ်နေ့သည် အထင်အရှား သက်သေသာဓက များဖြင့် ရှိခဲ့ပါ ကြောင်း ဗိုလ်ချုပ်အောင်ဆန်းမွေး နေ့ နှစ် (၁၀၀)ပြည့်အထိမ်း အမှတ်ကို  ဂုဏ်ပြုသောအားဖြင့် လှစ်ဟဖော်ပြရေးသားလိုက်ရပါသည်။

7Day News Journal

No comments:

Post a Comment

My Blog List