တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)တို့ကြား အောက်ခြေအဆင့်ညှိနှိုင်းမှုများ လွန်ခဲ့သည့် နှစ်လကျော်မှစ၍ လုံးဝရပ်ဆိုင်းသွားပြီး နည်းပညာအထောက်အကူပြုအဖွဲ့များလည်း ဆွေးနွေးမှုမပြုဘဲ ရပ်နားနေကြကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် အလုပ်အဖွဲ့(KIA-TAT)မှ သတင်းရရှိသည်။
ထို့ကြောင့် ဇန်န၀ါရီအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့်ပတ်သက်၍ နှစ်ဖက် ညှိနှိုင်းဆွေးနွေးဖြေလျှော့ခြင်းများ မပြုလုပ်နိုင်ခဲ့ဟုဆိုသည်။
‘‘အစိုးရဘက်က စစ်ရေးပြ ဿနာတွေကို စစ်ရေးလိုပဲ ဖြေရှင်းလိုတဲ့သဘောတွေ့ ရတဲ့အတွက် အောက်ခြေ အဆင့် ဆက်ဆံရေးအားလုံးကို ရပ်ပစ်လိုက်တာပါ’’ဟု KIA-TATပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဦးဒေါင်ခါး ကပြော ကြားသည်။
၂၀၁၄ ဧပြီက နှစ်ဖက်ကြား နည်းပညာအထောက်အကူပြုအ ဖွဲ့များ ရုံးဖွင့် လှစ်ဆောင်ရွက်ပြီး နောက်ပိုင်း ထိတွေ့တိုက်ပွဲများ သိသိသာသာ လျော့ကျသွားခဲ့သည်။ ထို့နောက် ထိတွေ့မှုအသေးစားများ သုံး၊လေးကြိမ်ခန့် ဖြစ်ပွားခဲ့ရာတွင်လည်း နှစ်ဖက်ညှိနှိုင်းထိန်းသိမ်းနိုင်ခဲ့သည်။
သို့ သော် နိုဝင်ဘာ ၁၉ရက်တွင်လိုင်ဇာရှိ ကေအိုင်အေဗိုလ်သင်တန်းကျောင်းပေါ် လက်နက်ကြီး ကျရောက် ခဲ့ပြီး အသေအပျောက်များ ဖြစ်ပေါ်ခဲ့ပြီးကတည်းက နှစ်ဖက် အောက်ခြေဆက်ဆံရေးများ အလုပ်မလုပ်နိုင်တော့ကြောင်း သိရသည်။
ဇန်န၀ါရီလလယ်က နှစ်ဖက်ကြား တင်းမာမှုပေါ်ပေါက်ခဲ့ပြီးနောက် ဇန်န၀ါရီ ၃၁ရက်အထိတစ်နေရာမဟုတ် တစ်နေရာတွင် ပုံမှန်လိုတိုက်ပွဲဖြစ်နေသည်ဟု ဆိုသည်။ ဖားကန့်တိုက်ပွဲများနောက် ဆက်တွဲအဖြစ် ဆွမ်ပရာဘွမ်အရှေ့ ဘက်ဒေသ၊ တနိုင်းမြို့နယ်တွင်း လိုင်ဇာအနောက်တောင်ဘက် မိုးမောက်မြို့ နယ်ဒေါ့ ဖုန်း ယန်မြို့နယ်အတွင်း အစရှိသည့် နေရာတို့တွင် နှစ်ဖက်ကြားတိုက်ပွဲ များ ဖြစ်ပွားနေပြီးရှမ်းပြည်နယ် မြောက်ပိုင်းကွတ်ခိုင်၊ တာမိုးညဲ မြို့နယ်ခွဲတွင် လည်း ဖြစ်ပွားနေခဲ့ကြောင်း သိရသည်။
(၁၇)နှစ်တာ အပစ်အခတ်ရပ်ဆိုင်းနေခဲ့သော တပ်မတော်နှင့် ကေအိုင်အေ တို့သည် ၂၀၁၁ ဇွန် ၉ရက်က စ၍ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်လေ့လာနေသော Myanmar Peace Monitor၏ စစ်တမ်းအရ ဇန်န၀ါရီလအတွင်း အစိုးရတပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များအ ကြားတိုက်ပွဲပေါင်း ၂၀ကျော် ဖြစ်ပွားခဲ့သည်။
7Day News Journal
No comments:
Post a Comment