Monday, February 02, 2015

မြန်မာနိုင်ငံတွင်ကျင်းပမည့် မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံအီမွေးနေ့ အခမ်းအနား ပြည်ခိုင်ဖြိုးခေါင်းဆောင်တစ်ဦးအား ကျင်းပရေးကော်မတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ထား


မြန်မာနိုင်ငံ ရန်ကုန်မြို့တော်၌ ဇန်နဝါရီ ၂၄ရက်တွင် စတင်ကျင်းပမည့် မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအီ၏ (၇၃)နှစ်မြောက်မွေး နေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင် ရေး ကော်မတီတစ်ရပ်ဖွဲ့စည်း ခဲ့သည်။
ကင်ဂျုံအီ၏မွေးရက်အား ''The day of the shining star'' ဟုလည်း ခေါ်ဝေါ် တင်စားမှုရှိသည်။ ပြင် ဆင်ရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ကော် မတီဝင်တစ်ဦးအား ရွေး ချယ်ခဲ့ ကြောင်းလည်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

မွေးနေ့အခမ်းအနားတွင် အရောင်အသွေးစုံလင်သော နိုင်ငံရေးနှင့် ယဉ်ကျေးမှုရေးရာ လှုပ်ရှားမှုများဖြစ် သည့် ဆွေးနွေးတွေ့ဆုံမှုများ၊ မိတ်ဆွေစုစည်း တွေ့ ဆုံမှုများ၊ ရုပ်ရှင်ပြပွဲများနှင့် ဓာတ်ပုံ ပြခန်းဖွင့်လှစ်မှု များကို ဇန်နဝါရီ ၂၄ရက် မှ ဖေဖော်ဝါရီ ၁၆ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် တပ်မတော်အစိုးရ လက်ထက်တွင် မြန်မာနှင့် မြောက်ကိုရီးယားတို့ အကြား စစ်ရေး ဆက်ဆံမှု များရှိခဲ့ သည်ဟု နိုင်ငံတကာက စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် မစ္စတာကင်ဂျုံအီလ်၏မွေးနေ့မှာ ဖေဖော် ဝါရီ ၁၆ရက်နေ့ဖြစ်ကြောင်း သိရပြီး သူ သည် ၂ဝ၁၁ခုနှစ် ဒီဇင်ဘာ ၁၇ရက်တွင် ကွယ်လွန်ခဲ့သည်။

Yangon Media Group

No comments:

Post a Comment

My Blog List