Sunday, February 01, 2015

ပညာရေးဥပဒေလေးပွင့်ဆိုင်ဆွေးနွေးပွဲမပြီးဘဲ အင်္ဂါနေ့ဆက်ဆက်ဆွေးနွေးမည်


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ပြုလုပ်နေသော လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်များတင်ပြသည့် ဆွေးနွေးပွဲမူဘောင် ကိုးချက်အနက် ရှစ်ချက်ကို ပြင်ဆင်ညှိနှိုင်းသဘောတူခဲ့ပြီး၊ ကျန်ရှိသည်များကို လာမည့်အင်္ဂါနေ့တွင် နေပြည်တော်၌ ဆက်လက်ဆွေးနွေးရန် ဆွေးနွေးပွဲတက်ရောက်သူများက သဘောတူပြီး ယနေ့ဆွေးနွေးပွဲကို ညနေ ၆ နာရီ ခွဲကျော်တွင် ရပ်နားလိုက်သည်။ 

ယနေ့ဆွေးနွေးပွဲတွင် ကျောင်းသားများ မူလတောင်းဆိုထားသည့် ၁၁ ချက်ကို မဆွေးနွေးရသေးဘဲ ကျောင်း သားများက ဆွေးနွေးပွဲတွင် ထပ်မံတင်ပြလာသည့် ဆွေးနွေးပွဲမူဘောင်ကိုးချက် ကို ဆွေးနွေးရင်း ပြီးဆုံး ခဲ့ခြင်း ဖြစ် သည်။ မူဘောင်ကိုးချက်မှ သဘောတူညီချက်မရသေးသည့် အချက်မှာ နံပါတ် (၅)ဖြစ်သော လက်ရှိဖွဲ့စည်းထားသော ကျောင်းသား၊ ဆရာသမဂ္ဂများ၏ တရားဝင်မှုကို လေးစားစွာ အသိအမှတ်ပြုရမည် ဆိုသော အချက်ဖြစ်ပြီး လာမည့်အင်္ဂါနေ့တွင် ဆက်လက်ဆွေးနွေးမည် ဖြစ် သည်။

ဆွေးနွေးပွဲထပ်မံပြုလုပ်မည်ဖြစ်သော်လည်း ဗကသဦးဆောင်သော သပိတ်စစ်ကြောင်းမှာ ဖေဖော်ဝါရီ ၂ ရက် မှ စတင်၍ ပြန်လည်ချီတက်မည်ဖြစ်ပြီး တကသဦးဆောင်သော သပိတ်စစ်ကြောင်းနှင့် မြေလတ် သပိတ် စစ်ကြောင်းတို့မှာ အင်္ဂါနေ့ဆွေးနွေးပွဲကို စောင့်ကြည့်မည်ဖြစ်ကာ ရပ်ထားမည် ဖြစ်သည်။ 

အစိုးရဘက်မှ ဦးဆောင်ဆွေးနွေးသူ ဦးအောင်မင်းက သပိတ်လှန်ရန်ပြောပြီးဆက်လက်သပိတ်မှောက်လျှင် ပုပ္ပါး အလွန်မှစ၍ လုံခြုံရေးအတွက် တာဝန် မယူကြောင်း ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List