Monday, November 24, 2014

လူဦးရေနှစ်သောင်းကျော်အတွက် တိုက်ခန်း ၂၂၆ခန်း၊ အပုံ ၁ဝဝပုံ တစ်ပုံ အခွင့်အလမ်းရှိသည့် ရွှေလင်ပန်းအိမ်ရာ စီမံကိန်းတိုက်ခန်းများ ရောင်းချပေးရန် မဲနှိုက်



အငြိမ်းစား နှင့်လုပ်သက်နှစ် အနှစ်၂ဝကျော်ရှိ အစိုးရဝန်ထမ်း နှစ်သောင်းကျော်အား ရွှေလင်ပန်းအိမ်ရာစီမံကိန်းမှ တိုက် ခန်းများ ရောင်းချပေးရန် အတွက် မဲ နှိုက်ရွေးချယ်ပေးရာတွင် ယခင်ထက် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက် နိုင်သဖြင့် ပိုမိုကောင်းမွန်မည်ဟု သိရသည်။
နိုဝင်ဘာလ ၂၃ရက်က တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ် ဖြင့် ရွှေလင်ပန်းအိမ်ရာစီမံကိန်းမှ တိုက်ခန်း ၂၂၆ခန်းကို အငြိမ်းစားဝန်ထမ်းများနှင့် လုပ်သက်နှစ် ၂ဝ ကျော်ဝန်ထမ်း ၂၆၄၆ဝဦးကို အလုံ မြို့နယ်ခန်းမတွင် မဲနှိုက်ပေးခဲ့ပြီး ယင်း မဲနှိုက်ရာသို့ လာရောက်ကြည့်ရှုကြ သည့်ဝန်ထမ်းများက မဲနှိုက်သည့် စနစ်သည် ပွင့်လင်းမြင်သာမှုရှိသည့် အတွက် အဆင်ပြေကြောင်းပြောကြား ကြသည်။

မြောက်ဒဂုံမြို့နယ်အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်မိုးမြင့်နွယ်က ''ဝန်ထမ်းလုပ်သက်က ကြာနေပြီ။ ဆ ရာတွေဆိုတော့ သိတဲ့အတိုင်းပဲ ရောက် တဲ့နေရာကို ပြောင်းရွှေ့နေထိုင်ရ တယ်။ ပင်စင်နားနီးပြီဆိုတော့ အခြေ ချနေထိုင်ဖို့နေရာလိုလာတာကြောင့် အခုအိမ်ရာစီမံကိန်းမှာလျှောက် တာပေါ့နော်။ သူတို့လုပ်တာတော့ သမာ သမတ်ကျပါတယ်။ လျှောက် ထားတဲ့လျှောက်လွှာတွေ အားလုံးကို မနှိုက်တော့ဘဲ လျှောက်လွှာတွေ အ ပေါ်မှာပေါက်မဲ နံပါတ်ကိုပဲ ကြေညာ လိုက်တယ်။ အခုအချိန်အထိတော့ ကိုယ့်နံပါတ်တော့ မထွက်မလာသေး ဘူး''ဟု ဆိုသည်။

အဆိုပါမဲနှိုက်ရာတွင် လျှောက် လွှာနံပါတ်များကို မဲပုံးတစ်ခုနှင့်အခန်း ၂၂၆ခန်းကို ဖလားတစ်ခုအတွင်း ထည့်ထားပြီး လာရောက်ကြည့်ရှုသူများ ထဲမှ နှစ်ဦးခေါ်ယူကာ တစ်ဦးမှပေါက် မဲလျှောက်လွှာနံပါတ်ကိုနှိုက်ကာ ယင်းနံပါတ်အတွက် အခန်းကိုကျန် တစ်ဦးမှမဲနှိုက်ကာကြေညာပေးခြင်း နှင့်ဘုတ်တွင် ပေါက်မဲနံပါတ်များကို ရေးသားကြေညာထားသည်။

တပ်မတော်(ရေ)မှ အငြိမ်းစား ဝန်ထမ်း ဦးမောင်မောင်ဦးက ''မဲ နှိုက်ပေးတာ ကတော့ ပြည်သူထဲသူ တွေပဲပေါ့နော်၊ သံသယတော့ကင်း ပါတယ်၊ လျှောက်တဲ့သူကလဲများပါ တယ်၊ အခုတိုက်ခန်းက ၂၂၆ခန်းပဲ ရှိတယ်ဆိုတော့ အပုံ ၁ဝဝပုံတစ်ပုံရှိ တာပေါ့နော်။ ကံကောင်းရင်တော့ ပေါက်မှာပေါ့နော်''ဟု ဆိုသည်။

လက်ရှိမဲနှိုက်ခြင်းကို တိုင်းဒေ သကြီးအစိုးရ၏အစီအစဉ်ဖြင့် ဆောင် ရွက်ပေးသော်လည်း တိုက်ခန်းဝယ် ယူခြင်း၊ စာချုပ်ချုပ်ဆိုခြင်းနှင့်အရစ်ကျ ဝယ်ယူခြင်းများကို အိုးအိမ်းဦးစီး ဌာနနှင့်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူးဦးနေဝင်းအောင်က''အခု ပေါက်မဲနံပါတ်တွေကိုအဖွဲ့သုံးဖွဲ့နဲ့မှတ် တမ်းတင်ထားပါတယ်၊ အဲဒီစာရင်း ကိုပြုစုပြီး တိုင်းဒေသကြီးအစည်းအ ဝေးမှာအတည်ပြုပြီးရင် ဗိုလ်ချုပ်လမ်း မှာရှိတဲ့ အိုးအိမ်ရုံးမှာ ကြေညာပေး သွားမှာပါ။ နှစ်ပတ်ကျော်ကျော် လောက်မှာကြေညာပေးနိုင်အောင် စီစဉ်ပေးမှာပါ။ စာချုပ်ချုပ်တာတွေ၊ အရစ်ကျဝယ်ယူတာတွေကို အိုးအိမ် ဦးစီးဌာနနဲ့ပဲဆက်ပြီး ဆောင်ရွက် သွားရမှာပါ၊ ဒီနေ့မဲနှိုက်တဲ့နေရာမှာ မရှိတဲ့သူတွေကိုလဲ ပယ်ဖျက်သွားမှာ မဟုတ်ပါဘူး''ဟု ဆိုသည်။

ယင်းအိမ်ရာစီမံကိန်းအတွက် လျှောက်လွှာပေါင်း ခြောက်သောင်း ကျော် ခုနစ်သောင်းနီးပါးလျှောက်ထား ခဲ့ပြီး မှတ်ပုံတင်တစ်ဦးတည်းဖြင့် လျှောက်လွှာနှစ်ခု၊ သုံးခုလျှောက်ထား ခြင်း၊ ယခင်အိမ်ရာစီမံကိန်းများတွင် မဲပေါက်ပြီးသားသူများမပါဝင်ခြင်း ရှိ/မရှိကတော့ စိစစ်မှုများပြုလုပ်ကာ မဲနှိုက်ပေးခြင်းဖြစ်ပြီး သိရသည်။

ဦးနေဝင်းအောင်က''အမှန်တ ကယ်နေထိုင်တဲ့သူတွေကိုပဲရစေချင် တဲ့အတွက် အခုလိုစစ်ရတာပါ၊ ဒီနေ့ မှာကုမ္ပဏီဝန်ထမ်းတွေ၊ အသင်းအဖွဲ့ တွေကိုထည့်ပြီး မဲနှိုက်ပေးဖို့ စီစဉ် ထားပေမယ့် ကွန်ပျူတာပြဿနာ ကြောင့် လာမယ့် ၃ဝရက်မှာ ပြုလုပ် မယ့် ပြည်သူလူထုတွေနဲ့ မဲနှိုက်တဲ့ နေ့မှာ ပေါင်းပြီး မဲနှိုက်ပေးသွားမှာ ပါ''ဟု ဆိုသည်။

အဆိုပါ ရွှေလင်ပန်းအိမ်ရာမှ တိုက်ခန်းများကို သိန်း ၁၁ဝ၊ ၁၂၅ သိန်းဝန်းကျင်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ရာ ဘဏ်နှင့်ချိတ်ဆက်ကာ ပထမအရစ်တွင် ၃ဝရာခိုင်နှုန်းပေး သွင်းကာ ကျန် ၇ဝရာခိုင်နှုန်းကို လေး နှစ်အရစ်ကျစနစ်ဖြင့် ပေးသွင်းနိုင် သည့်အစီအစဉ်များလဲပါဝင်ကြောင်း လျှောက်လွှာတင်သွင်းထားသည့် ဝန်ထမ်းများထံမှ သိရသည်။

မီးသတ်ဦးစီးဌာနမှ တပ်ကြပ် ကြီးကျင်သောင်းက''အခုမဲနှိုက်မှာ က လူ ၂ဝဝကျော်နှိုက်မယ်။ ကိုယ့် နာမည်ပါရင်ပေါက်ပြီ။ အခုအစီ အစဉ်ကို တော်တော်ကောင်းတယ်။ လူနှစ်ရာကျော်လို့ ကိုယ့်နာမည်မပါ ရင်ပြန်လို့ရပြီ။ အကုန်လုံးနှိုက်မယ်။ ပေါက်မဲဗလာဆိုရင် စောင့်ရမှာလေ။ အစ်ကိုတို့က မီးသတ်ဝန်ထမ်းလေ။ အိမ်ရဖို့ဆိုတာက မလွယ်ဘူး၊ သတင်း စာမှာဖတ်ရတာက ရွှေလင်ပန်းအိမ် ရာမှာ တိုက်ခန်းတွေအရစ်ကျစနစ် နဲ့ရောင်းပေးမယ်ဆိုတော့ တိုင်းဒေ သကြီးအစိုးရအဖွဲ့ကို တင်ဖြစ်တာ ပါ။ ကိုယ့်လစာနဲ့ဆိုရင်တော့ မတတ် နိုင်ဘူးပေါ့နော်။ ကိုယ်တိုင်နေထိုင် ဖို့ လျှောက်တာဆိုတော့ ပေါက်မယ် ဆိုရင်တော့ ရှိတာလေးထုခွဲရောင်းချ ပြီး လုပ်ရမှာပေါ့နော်''ဟု ဆိုသည်။

လက်ရှိ တိုက်ခန်းမဲမပေါက် သည့် လျှောက်လွှာများကို နောက် ထပ်တည်ဆောက်နေသည့် အိမ်ရာ စီမံကိန်းတွင် ထပ်မံထည့်သွင်းပေး ရန်နှင့် လျှောက်လွှာများကို စာတိုက် မှ ပေးပို့ရသဖြင့် အချိန်မီရောက်ရှိ စေရန် ဆောင်ရွက်ပေးသင့်ကြောင်း ယင်းတို့က ဆိုသည်။

မြောက်ဒဂုံမြို့နယ်မှ ပညာရေး ဝန်ကြီးတစ်ဦးက''ဆရာမတို့က ၇လ ပိုင်း ၃၁ရက်နောက်ဆုံးနေ့မှာ စာ တိုက်ကြီးကို ကျောင်းကဆရာမ ခြောက်စုပြီးတော့ လျှောက်လွှာသွား တင်တယ်။ အမြန်ချောပို့နဲ့ပို့တာပေါ့ နော်။ ဒီနေ့မဲနှိုက်တဲ့ စာရင်းမှာ ပါ၊ မပါတော့မသိသေးဘူး။ စာအုပ်က ၁၁ အုပ်တောင်ဆိုတော့ ရှာရတာမလွယ် ဘူး။ အခု သုံးအုပ်တော့ ကြည့်ပြီးပြီး ခြောက်ယောက်စလုံးမတွေ့ဘူး''ဟု ဆိုသည်။

TMO
Yangon Media Group

No comments:

Post a Comment

My Blog List