Tuesday, November 25, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များတွေ့ဆုံ









အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်တော် ကိုယ်စားလှယ်များသည် ယနေ့ညနေ ၅ နာရီအချိန်တွင် နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းအတွင်းရှိ ဧည်ခန်းဆောင်၌ပြည်ထောင်စုတိုင်းရင်းသားလွတ်တော်ကိုယ်စားလှယ်များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါ
သည် ။ 

တွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးကိစ္စများ ၊ တိုင်းရင်းသားတို့၏ အခွင့်အရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေး ကိစ္စများ ၊ လေးပွင့်ဆိုင်တွေ့ဆုံရေးနှင့် ပတ်သက်ပြီး တိုင်းရင်သားများမှပူးပေါင်းဆောင်ရွက်ကြရန် နှင့် တိုင်းပြည်တွင်တွေ့ဆုံနေသော အခက်အခဲများကို မကြာခဏတွေ့ဆုံအဖြေရှာပြီး အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်လုပ်ကိုင် သွားကြရန်ကို ပြည်ထောင်စု တိုင်းရင်းသားကိုယ်စားလှယ်များနှင့်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြ ပါသည်။

NLD Chairperson

No comments:

Post a Comment

My Blog List