Wednesday, November 26, 2014

ငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသ ပြန်လည်ထူထောင်ရေးအတွက် အီးယူမှ မြန်မာနိုင်ငံအား ဒေါ်လာ သန်းတစ်ထောင် ထောက်ပံ့မည်ဟု သိရ


ဥရောပသမဂ္ဂက မြန်မာနိုင်ငံအား ၃ နှစ် သက်တမ်းရှိ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ၂၀၁၄ မှ ၂၀၁၆ အထိ နှစ်စဉ် ယူရိုသန်း ၂၅၀ (ဒေါ်လာ ၃၃၂ . ၅ သန်း ) ထောက်ပံ့သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်အား ကိုကား၍ အစိုးရသတင်းရင်းမြစ်များက အင်္ဂါနေ့ တွင် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ တိုးတက်မှု ရရှိစေရေးအတွက် ၃ နှစ်စာအတွက် အမေရိကန်ဒေါ်လာ သန်း တစ်ထောင် (တစ်ဘီလီယံ) ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ကိုဘီယာ က ဆိုသည်။ မဟာဗျူ ဟာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၆ ခုအား အဓိကမြှင့်တင် သွားမည်ဟုဆိုသည်။

ဥရောပသမဂ္ဂက နှစ်စဉ်ထောက်ပံ့မည့် ယူရိုသန်း ၂၅၀ အား ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း၊ လွှတ်တော်ဆိုင်ရာလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး၊ ၂၀၁၅ အထွေထွေးရွေးကောက်ပွဲ၊ တရားရေးဆိုင် ရာနှင့် သန်းခေါင်စာရင်း ဆိုင်ရာ လုပ်ငန်းများတွင် အဓိကအသုံးပြုသွားမည်ဟု မြန်မာငြိမ်းချမ်းရေး စင်တာ၏ ပဲ့ကိုင်ရှင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဆိုသည်။ ကျန်ရှိသည့် ထောက်ပံ့ငွေများအား ကျေးလက်ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးရေးကိစ္စရပ်များ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် အသုံးပြုသွားမည်ဟု ဆိုသည်။

ဝေးလံခေါင်ဖျားဒေသတွေ ဖွံဖြိုးမှုအတွက် နှစ်စဉ် ယူရိုသန်း ၇၀ အသုံးပြု ရမှာဖြစ်ပြီး ယူရို ၃၁ သန်းကို ရွေးကောက်ပွဲနှင့် နိုင်ငံရေး ပြုပြင်မှုများ အတွက် အသုံးပြု ရမှာ ဖြစ်ပါသည်။ ယူရို သန်း ၃၀ ကိုတော့ ငြိမ်းချမ်းရေး နှင့် အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေမှာ အသုံးပြုခွင့်ပေးဖို့ သတ်မှတ် ထားကြောင်း သိရသည်။

မြန်မာနှင့် ဥရောပသမဂ္ဂတို့သည် ခိုင်မာသည့် ဆက်ဆံရေး တည်ဆောက် လျက် ရှိပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား တွန်းအားပေး သွား မည်ဟု ဥရောပသမဂ္ဂကဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ငွေကို ကိုင်မသုံး ရသဖြင့် မျက်နှာငယ်ရကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး MPC ဥက္ကဋ္ဌ ဦးအောင်မင်း က ပြောကြားခဲ့ သည်။

NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်မေးမြန်းသည့် "MPC မှာ ခန့်ထားတဲ့ ပုဂ္ဂိုလ်တွေ ဟာ ဒေါ်လာတွေ ထောင်နဲ့သောင်းနဲ့ချီပြီးတော့ ရနေ တယ်ဆိုတဲ့ ကိစ္စဟာ ဘယ်လောက်များ Transparency ဖြစ်လဲ။ သိချင်ပါတယ်။" ဆိုသည့်မေးခွန်းအား ဦးအောင်မင်း က အထက်ပါအတိုင်း ပြန် လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

Ref - Bangkok Post
The Ladies News Journal

No comments:

Post a Comment

My Blog List