Tuesday, November 25, 2014

ကာချုပ်ပြောကြားချက်အပေါ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်


အခြေခံဥပဒေ ပြင်ဆင်ရေးသော့ချက်ဖြစ်သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်အပေါ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ လူထုအဆုံးအဖြတ် ရယူရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

အဆိုပါ ပုဒ်မ ပြင်ဆင်ရေး အတွက် လူဦးရေ ငါးသန်းက လက်မှတ်ရေး ထိုးတောင်းဆိုထားသော်လည်း ကျန်ရှိသော လေးဆယ့်ခြောက်သန်း၏ ဆန္ဒကိုလည်း လေ့လာရန်လိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့မှုအပေါ် ဒေါ်အောင်ဆန်း စုကြည်က အထက်ပါ အတိုင်း တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘အကယ်၍ မဲဆန္ဒငါးသန်း ပေါ့။ ဒီငါးသန်းရဖို့အတွက် ဘယ်လိုကောက်လဲ ပြုလဲ ကျွန်တော် တို့ မသိဘူး။ ဘယ်လောက်ထိ ခိုင်မာမှုရှိမယ်ဆိုတာလည်း ကျွန် တော်မပြောနိုင်ပါဘူး။  ဒီပမာဏ ဟာ ကျွန်တော်တို့ ဆုပ်ကိုင်ထား တဲ့ လူဦးရေ ၅၁ သန်းနဲ့ဆိုရင် တော့ ဆယ်ပုံတစ်ပုံပဲ ရှိတာပေါ့။  ကျန်တဲ့သူတွေရဲ့ ဆန္ဒတွေကို လည်း ကျွန်တော်တို့ ကြည့်ဖို့ လို မှာပေါ့’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောသည်။

‘‘ဒီလိုဆိုရင် ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်လိုက် လေ။ ကျွန်မတို့က အဆင်သင့်ပဲ’’ ဟု VOA ၏ သီးခြားအင်တာဗျူး အစီအစဉ်တွင် ဒေါ်အောင်ဆန်း စုကြည်က တုံ့ပြန်ပြောကြားခဲ့ သည်။

ထို့အပြင် တပ်မတော်အနေ ဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအ တွက် လွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များကပါ သဘောတူ ထောက်ခံခဲ့လျှင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ ပြည်သူများ ၏ အဆုံးအဖြတ်ကို ရယူရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ပြည်ပအခြေစိုက် အသံလွှင့် ဌာနတစ်ခုဖြစ်သော VOA အသံ လွှင့်ဌာနက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံ အင်တာဗျူး ပြုလုပ်ခဲ့ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအခြေခံဥပဒေသည် ယခင်အစိုးရ ခေါင်းဆောင်များက တွက်ဆ၍ ဥပဒေခိုင်ခိုင်မာမာ  ဖြစ်စေရန် ဆောင်ရွက်ပေးထားသည့်အတွက် မိမိတို့အနေဖြင့် လည်း ဥပဒေခိုင်မာရေးအပေါ်ဆက်လက် ထိန်းသိမ်း သည့် သ ဘောအနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပုဒ်မ ၄၃၆ ပြင်ဆင် ရေးအား ငြင်းဆန်နေသည့် တပ်မ တော်၏ သဘောထားအပေါ် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်း၏ ရပ်တည်ချက်ကို ပြော ကြားသည်။

ယင်းပုဒ်မပြင်ဆင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီ (NLD) နှင့် ၈၈ မျိုး ဆက် (ငြိမ်း/ပွင့်)တို့ ဦးဆောင်၍ အသိပညာပေးဟောပြောမှုများ ပြည်သူ့ဆန္ဒခံယူမှုများ ပြုလုပ် ခဲ့ရာ ပြည်သူ ငါးသန်းကျော်က ပြင် ဆင်လိုကြောင်း ထောက်ခံလက် မှတ်ရေးထိုးခဲ့ကြသည်။

အခြေခံဥပဒေပြင်ဆင်ရေး အတွက် လွှတ်တော်တွင်း ဆွေး နွေးမှုများ ပြုလုပ်နေရာတွင် အဓိကအရေးကြီး သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ရွေးကောက်ခံအရပ်သားလွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင် ရေးကို ထောက်ခံဆွေးနွေးကြသော်လည်း တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်များကမူ ယင်းပုဒ်မ ပြင ဆင်ရန် အပြင်းအထန်ငြင်းဆန် ဆွေးနွေးခဲ့ကြသည်။

‘‘ဒီပုဒ်မက အခြေခံဥပဒေရဲ့ Key ပဲဗျ။ အခုက ဘယ်လိုဖြစ်နေ လဲဆိုတော့ ကားတစ်စီးက စက်ပျက်နေ တယ်ဗျာ။ ပြင်ဖို့ကို စက် ဖုံးဖွင့်ပြီး ပြင်မှရမယ်။ အဲဒီတော့ ပျက်နေတာကို ပြင်ဖို့ လက်ခံ တယ်။ ဒါပေမဲ့ စက်ဖုံးတော့ ဖွင့် မပေးနိုင်ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်’’ ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားထားသည်။

7Day News Journal 

No comments:

Post a Comment

My Blog List