Wednesday, November 26, 2014

မနောပွဲ ကျင်းပမည့်အစီအစဉ် ဒေသခံ ဦးရေတစ်သောင်းခန့် လက်မှတ်ထိုးကန့်ကွက်


မနောပွဲတော်ပြန်လည် ကျင်းပရန် စီစဉ်နေခြင်းအပေါ်ကန့်ကွက်ကြောင်း ပေးပို့စာတစ်စောင်ကို ကချင် တိုင်းရင်းသားလူငယ် တစ်သောင်းခန့်က လက်မှတ်ရေးထိုး၍ ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ နိုဝင်ဘာ ၂၈ ရက်တွင်ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီတွင် ကျရောက်မည့် (၆၇) ကြိမ်မြောက် ကချင်ပြည်နယ်နေ့တွင် တိုက်ပွဲများကြောင့် သုံးနှစ်ကြာ ရပ်နားထားသော မနောပွဲတော်ကို ပြန်လည် ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ်နေ့ကို ကြို ဆိုသော်လည်း ဒေသတွင်းတိုက်ပွဲ များဖြစ်ပွား နေခြင်း၊ စစ်ပြေးဒုက္ခ သည်များ နေရပ်မပြန်နိုင်သေး ခြင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တိကျသည့် အဖြေမရရှိသေးဘဲ လူ့အခွင့်အရေး ဆုံးရှုံးမှု များဖြစ်ပွားနေခြင်းတို့ကြောင့် မနောပွဲ တော်ပြန်လည်ကျင်းပရန် စီစဉ်နေခြင်း ကို ကန့်ကွက်ရခြင်း ဖြစ် ကြောင်း အဖွဲ့အစည်းများ ဒေသ ခံများက ပြောသည်။

‘‘ကချင်လူမျိုးတွေ အလေးထား၊ တန်ဖိုးထားတဲ့ မနောပွဲကို ဒီလိုအချိန်မျိုးမှာ မလုပ်သင့်ပါဘူး’’ဟု လက်မှတ် ရေးထိုးကန့် ကွက်သူတစ်ဦးက ပြောသည်။

ပေးပို့စာကို ကချင်ပြည်နယ်၊ ရန်ကုန်၊ မန္တလေးမြို့တို့ရှိ လူငယ်များ လက်မှတ်ဖြင့် နိုဝင်ဘာ ၂၈ရက်တွင် ပေးပို့သွားမည်ဖြစ်သည်။ လက်ရှိအချိန် အထိ အမည်၊ မှတ်ပုံတင်နံပါတ်နှင့် တကွ လက်မှတ်ပေါင်း ကိုးထောင်ကျော် ရရှိထားကြောင်း သတင်းရရှိ သည်။

7Day News Journal

No comments:

Post a Comment

My Blog List