Monday, November 24, 2014

3G ဆက်သွယ်ရေးကွန်ရက် ၂ဝ၁၅ တွင် သုံးဆ ပိုမိုကောင်းမည်ဟု MPT ဆို


ရန်ကုန်မြို့၌လက်ရှိ အသုံးပြုနေသော ၃ွ ဆက်သွယ်ရေးကွန် ရက်အား ၂ဝ၁၅မတ်လကုန်တွင် သုံးဆပိုမို ကောင်းမွန်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသော သတင်း အချက်လက်များအရ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်တွင်းရှိ တခြားအော်ပရေတာ နှစ်ခုအားယှဉ်ပြိုင်ရန်အတွက် ၄င်း၏ဆက် သွယ်ရေးကွန်ရက်ချဲ့ထွင်ခြင်း လုပ်ငန်းများ ကိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင် ရွက်လျက်ရှိပြီး ၄င်းတို့၏ကွန်ရက်ချဲ့ထွင် ခြင်းလုပ်ငန်း ပထမအဆင့်အဖြစ် ၂ဝ၁၅ မတ် လကုန်တွင် တစ်နိုင်ငံလုံးရှိ ၃ွ စခန်းအ ရေအတွက်အား နှစ်ဆမြှင့်တင် မည်ဖြစ်သည်။

အဆိုပါ မြှင့်တင်မှုကြောင့် လာမည့် လေးလအတွင်း ရန်ကုန်မြို့ရှိ 3G ကွန်ရက်နှုန်းမှာ ယခင်ထက်သုံးဆခန့် ပိုမိုမြန် ဆန်လာမည်ဖြစ်ကြောင်း သိရသည်။

''လက်ရှိ အင်တာနက်မြန်နှုန်း ထက် ပိုမိုမြန်ဆန်တဲ့ 3G ကွန်ရက်နည်းပညာ သစ်ကိုလဲ စမ်းသပ်နေပါပြီ''ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအ နေဖြင့် ¤င်းတို့၏ ဆက်သွယ်ရေးကွန်ရက် ချဲ့ထွင်ခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၆ရက် မှစတင်ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး နေပြည် တော်နှင့်ရန်ကုန်အား အဓိကထားဆောင် ရွက်ခဲ့သည်။

အဆိုပါ ကွန်ရက်တိုးချဲ့မှုများ ကြောင့် အဆိုပါမြို့များရှိ ၃ွ လိုင်းအင်အားမှာ ယခင်ထက် ရာခိုင်နှုန်း၅ဝ ပိုမို တိုးမြင့် လာကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှပြောကြားချက်များအရသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြည်တွင်းအော်ပရေတာနှစ်ခုအား ယှဉ်ပြိုင်ရန်အတွက် အကျယ် ပြန့် ဆုံးဆက် သွယ်ရေးကွန်ရက်အား ပိုင်ဆိုင် ထားပြီး လက် ရှိတွင် ဆက်သွယ်ရေးကွန်ရက်တိုးချဲ့ရာတွင် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုအတွက် ဂျပန် ကုမ္ပဏီ KDDI/Sumitomo Corporation တို့နှင့် အကျိုးတူ စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်။

Yangon Media Group

No comments:

Post a Comment

My Blog List