Thursday, November 27, 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲ



အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရင်စစ်အာဏာရှင်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ် အောင်ဆန်း စုကြည်ကို သမ္မတဖြစ် မလာအောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ထဲမှာ ပုဒ်မ ၅၉(စ)ကို အသေအချာ ထည့်သွင်းထားခဲ့ပါ တယ်။ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ဒါဟာ ဘယ်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကိုမှရည်ရွယ်ပြီး ထည့်သွင်း ထားခဲ့တာမဟုတ်ဘူးလို့ ဘယ်လောက်ပဲပြောဆိုနေနေ ဒေါ်အောင် ဆန်းစုကြည်ကိုပဲ ရည်ညွှန်းတယ်လို့ ပြည်တွင်း ပြည်ပ

နိုင်ငံရေးနဲ့ သတင်းမီဒီယာ အသိုင်းအဝိုင်းက လက်ခံထားကြပါတယ်။ 


အခုဆို လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ရေးဆွေးနွေးနေ တာ ပြီးဆုံး သလောက် ရှိသွားပါပြီ။

လာမယ့် ၂ဝ၁၅ ရွေး ကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ခြေဘယ်လောက်ရှိသလဲ ဆွေးနွေးဆန်း စစ်ကြည့်ရအောင်။မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ က ပုဒ်မ ၅၉ (စ)ကို ပယ်ဖျက်ထားပြီးသားဖြစ် ဖို့လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န် အယ်လ်ဒီနဲ့ သူ့မဟာမိတ်တွေဟာ ၂ဝ၁၅ ရွေး ကောက်ပွဲမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ အမတ်နေရာ စုစုပေါင်းရဲ့ အနည်း ဆုံး ၆၇ရာခိုင်နှုန်းအနိုင်ရဖို့လိုပါတယ်။

ဒါနဲ့ပတ်သက်ရင် လာမယ့် ၂ဝ၁၅ ရွေး ကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န် အယ်လ်ဒီနဲ့ သူ့ကိုထောက်ခံတဲ့ မဟာမိတ်တွေ အမတ်နေရာ ၆၇ ရာခိုင်နှုန်းကျော် အနိုင်ရဖို့ဆို တာ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်မထားနိုင်ဘူးဆိုရင် အင်န်အယ်လ် ဒီကတင်မယ့် ဒုသမ္မတ လောင်းဟာ ဒေါ် အောင် ဆန်းစုကြည် မဖြစ်နိုင်တော့ ပါဘူး။ ဒီအတွက် လာမယ့် ၂ဝ၁၅ဖွဲ့စည်းပုံပြင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမတိုင်ခင် လွှတ်တော်ထဲမှာ ပုဒ်မ၅၉ (စ)ကို ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။ ဒါနဲ့ပတ် သက်ရင် အင်န်အယ်လ်ဒီ ပါတီအမတ်တွေက ပြင်ချင်ပေမယ့် ၂၅ ရာခိုင်နှုန်း နေရာယူထားတဲ့ တပ်မတော်သားအမတ်တွေကတော့ မပြင်ချင် ဘူးလို့ တညီတညွတ်တည်း ဆိုနေကြပါတယ်။ လွှတ်တော် ထဲမှာ အမတ်နေရာ ၅၄ရာခိုင်နှုန်း ကျော် ပိုင်ဆိုင်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီကတော့ အခြေအနေ အချိန်အခါအရ စဉ်းစား သင့်တယ် ဆိုပြီးြေ>ွမမသေတုတ်မကျိုးသဘောထား ပေးထား ပါတယ်။

ပြောရရင် အင်န်အယ်လ်ဒီကိုထောက်ခံ ထားတာ မဟုတ်ပါဘူး။ အရေးအကြီး ဆုံးက ကော်မရှင်ရဲ့မှတ်ချက်ပါ။ ကော်မရှင် က ဒီပုဒ်မ ဆက်ထားသင့်တယ်လို့ အကြံပြုထားပါတယ်။ ဒီအတွက် ပုဒ်မ၅၉(စ)ကို ပယ်ဖျက်ဖို့အတွက် လွှတ်တော်ထဲမှာ ၇၅ရာခိုင်နှုန်းကျော် မဲရဖို့ဆို တာ လုံးဝမဖြစ်နိုင်ပါဘူး။ ဆိုတော့ လက်ရှိလွှတ် တော်သက်တမ်းအတွင်းမှာ ပုဒ်မ ၅၉(စ)ကို ပြင် ဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။

နောက်ထပ် မျှော်လင့်နိုင်တာတစ်ခုက ပုဒ်မ ၄၃၆ ကိုပြင်ဆင်နိုင်ရေးပါ။ အင်န်အယ်လ်ဒီက တောင်းဆိုတဲ့ ပုဒ်မ ၄၃၆ ပြင်ရေးဆိုတာဟာ လွှတ်တော် တစ်ခုလုံး ရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့ ဒါမှမဟုတ် စစ်သားအမတ်တွေ မပါဝင်ဘူး ဆိုရင် ရွေးကောက်ခံ အ မတ်တွေရဲ့ သုံးပုံ နှစ်ပုံမဲနဲ့ဆိုရင် ပြင် လို့ ရချင်တယ်လို့ ဆိုထားပါတယ်။ အဓိပ္ပာယ်ကတော့ တပ်မတော်သားတွေ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ရွေးကောက်ခံအမတ်တွေက ပြင်မယ်ဆိုပြင်နိုင်တဲ့ အနေအထားရှိဖို့ပါ။ တပ်မ တော်သားအမတ်တွေကတော့ လုံးဝမပြင်ဆင် ချင်ဘူးဆိုပြီး ခါးခါးသီးသီးပြောဆိုနေပါတယ်။ ဒါကလည်း အလွန်သဘာဝကျပါတယ်။ သူတို့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ရွေး ကောက်ခံအမတ်တွေ သဘောနဲ့ ဖွဲ့စည်းပုံပြင် ခွင့်ရသွားရင် တပ်မတော်တစ်ခုလုံးရဲ့ကံကြမ္မာ ရွေးကောက်ခံအမတ်တွေလက်ထဲ ရောက်သွား မှာဖြစ်ပါတယ်။ ဒါကို သူတို့ဘယ်လိုမှ လက်သင့် ခံနိုင်မှာမဟုတ်လို့ မပြင်ချင်ဘူးဆိုပြီး ခါးခါးသီး သီးပြောဆိုနေကြတာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုး ကတော့ အင်န်အယ်လ်ဒီက အဆိုပြုထားတဲ့ပုံစံ ကိုမထောက်ခံပါဘူး။

ထုံးစံအတိုင်း အခြေအနေ အချိန်အခါအလိုက် ပြုပြင်ရမယ်ဆိုပြီး ဝါးတား တားလုပ်ထားပါတယ်။ ခြုံပြီးပြောရရင် လက်ရှိ လွှတ်တော်သက်တမ်းအတွင်းမှာ ပုဒ်မ၄၃၆ကို အင်န်အယ်လ်ဒီက အဆိုပြုတဲ့ပုံစံ ပြင်ခွင့်ရဖို့ဆို တာ မဖြစ်နိုင်ပါဘူး။ အဲဒါနဲ့တစ်ဆက်တည်း ၂ဝ၁၅ ရွေးကောက်ပွဲအပြီး ပေါ်လာမယ့် လွှတ် တော်ဟာ ဒီ ၄၃၆ ပြင်ဆင်ချက်ကို အားကိုးပြီး ပုဒ်မ ၅၉(စ)ကို အလျင်အမြန်ပယ်ဖျက်၊ ပြီးတာ နဲ့ ဒုသမ္မတရွေးချယ်တဲ့အခါ ဒေါ်အောင်ဆန်း စုကြည်ကို နာမည်စာရင်း တင်သွင်းဆိုတာမျိုး လည်း လုပ်နိုင်မှာမဟုတ်ပါဘူး။ အားလုံးကိုခြုံ ငုံပြီးပြောရရင် ၂ဝ၁၅ ရွေးကောက်ပွဲအပြီး ပေါ် လာမယ့်သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည် မဖြစ်နိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင် မယ့် နည်းလမ်းတော့ရှိပါတယ်။ အဲဒါကတော့ လက်ရှိအချိန်ကနေ လာမယ့် ၂ဝ၁၅ ရွေးကောက် ပွဲကာလအထိ တပ်မတော်ခေါင်းဆောင်တွေနဲ့ တပ်မတော်ကို စည်းရုံးဖို့ပါ။ လက်ရှိအချိန်မှာ တပ်မတော် ခေါင်းဆောင်တွေဟာ ဒေါ်အောင် ဆန်းစုကြည်ကို ပုဒ်မ ၄၃၆ ပြင်ရေး အပြင်းအ ထန်လုပ်နေတယ်။ ဒါဟာ တပ်မတော်ကို နိုင်ငံ ရေးက ဖယ်ထုတ်ဖို့ ကြိုးစားတာဖြစ်တယ်။ တပ်မ တော်နဲ့တပ်မတော်ခေါင်းဆောင် တွေရဲ့ ကံကြမ္မာကို ရွေးကောက်ခံ အမတ်တွေလက်ထဲ ရောက် အောင်လုပ်နေတယ် စသဖြင့် ထင်မြင်နေကြပါ တယ်။

ဒီထင်မြင်ချက်ပြောင်းလဲသွားအောင် ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးသေနင်္ဂ ဗျူဟာအသစ်တွေ ချမှတ်၊ တပ်မတော်ခေါင်း ဆောင်တွေကို စည်းရုံးနေဖို့ လိုပါတယ်။

၂ဝ၁၅ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာ မယ့် ပြည်ထောင်စုအဆင့် လွှတ်တော်နှစ်ရပ်မှာ အင်န်အယ်လ်ဒီဟာ အမတ်နေရာအများစုဖြစ် ဖို့ အလွန်အလားအလာကောင်းပါတယ်။ အမတ် နေရာအများစုကိုလည်း ရထားတယ်။ တပ်မ တော်ခေါင်းဆောင်တွေကိုလည်း စည်းရုံးနိုင်ခဲ့ မယ်ဆိုရင် အဲဒီအချိန် ပုဒ်မ၅၉(စ)ကိုပြင်ဖို့ ကြိုး စားလို့ရပါတယ်။ အဓိကကတော့ လက်ရှိတပ်မ တော် ခေါင်းဆောင် တွေက ဒေါ်အောင် ဆန်းစုကြည်ကို အ မြင် ကြည်လင်လာ စေဖို့ပါပဲ။

ဒေါ်အောင် ဆန်းစုကြည်သာ သမ္မတဖြစ်လာရင် သူတို့ကို စစ်တန်း လျား ပြန်ပို့တာတို့၊ ကာချုပ်ရဲ့ များပြား လှတဲ့ လုပ်ပိုင်ခွင့်ရုပ်သိမ်းဖို့ ကြိုးစားတာမျိုးတို့ နောက်ကြောင်းပြန် အရေးယူမှုလုပ်ဖို့ ကြိုးစား တာမျိုးတို့ လုပ်မယ့်သူမဟုတ်ဘူး လို့ သူတို့ လေးလေးနက်နက် ယုံကြည်ဖို့ဖြစ်ပါတယ်။ အဲဒီ ယုံကြည်ချက် မရှိမချင်း တပ်မတော်ခေါင်းဆောင် တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ပုဒ်မ ၅၉(စ)ကို ပြင်ခွင့်ပေးမှာမဟုတ်ပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ရေး သူ့ရဲ့ တပ်မတော် ခေါင်းဆောင် တွေကို စည်းရုံးနိုင်မှုစွမ်းရည်အပေါ်မှာပဲ မူတည်နေမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

YangonMediaGroup

No comments:

Post a Comment

My Blog List