Tuesday, November 25, 2014

ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲအတွက် မန်းသဘင်ပညာရှင်များ ဖျော်ဖြေ အလှူခံ


မန္တလေးသဘင် ပညာရှင်များအဖွဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့ပွဲ ဖျော်ဖြေရေးကော်မတီမှ နိုဝင်ဘာ ၂၄ ရက်တွင် မန္တလေးမြို့၌ နောက်ဆုံးရက် လှည့်လည်ဖျော်ဖြေ အလှူခံခဲ့သည်။ မြို့အတွင်း လှည့်လည်ဖျော်ဖြေအလှူခံ ခြင်းကို နိုဝင်ဘာ ၂၂ ရက်မှစတင်၍ ပြုလုပ်ခဲ့ပြီး နှစ်ရက်အလှူခံ ရရှိထားငွေမှာ ၅၆ သိန်းကျော် ဖြစ်သည်ဟု ဖျော်ဖြေရေး အလှူခံရာတွင် ပါဝင်သူ မန္တလေးလူရွှင်တော် ပရဟိတအဖွဲ့မှ လူရွှင်တော်ချစ်မွှေးက မဇ္ဈိမကို ပြောသည်။

အဆိုပါဖျော်ဖြေရေးအဖွဲ့တွင် မန္တလေးအခြေစိုက် သဘင်အနုပညာရှင်များဖြင့် ဖွဲ့စည်းထားသော ပရဟိတ ရွှေလက်များ၊ မြန်မာ့သဘင် အလှဆင်ကြသူများနှင့် မန္တလေး လူရွှင်တော်များ ပရဟိတအဖွဲ့များ ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်သည်။

အလှူခံရာတွင် ဗိုလ်ချုပ်ဂုဏ်ပြု တေးသီချင်းများကို သန်းဌေးအောင်၊ စိန်မွတ္တားနှင့် မြဗဒင်းတို့က ရေးသားပေးထားသည်ဟု ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲကို နတ်မောက်မြို့တွင် ဖေဖော်ဝါရီ ၇မှ ၁၃ရက်အထိ ကျင်းပမည်ဖြစ်ရာ မန္တလေးသဘင် ပညာရှင်များအဖွဲ့ ဖျော်ဖြေရေးကော်မတီမှ အင်အား ၁၅၀ ဦးဖြင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကပြဖျော်ဖြေ မည်ဟုဆိုသည်။

အဆိုပါနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုတေးများ သီဆိုမည်ဖြစ်ပြီး နှစ်ပါး သွားအား ပန်တျာဝေယံဦးမှ ကပြမည်ဖြစ် ကာ ပြဇာတ်အား ၀င်းနောင်မှ ဦးဆောင် ကပြဖျော်ဖြေသွားမည်ဟု ဆိုသည်။

“အဲဒီနေ့မှာ မန္တလေးမှာရှိတဲ့ ဇာတ်တွေ ကပြမှု နားသွားမယ်။ ဒီပွဲက ကျွန်တော်တို့ အားလုံးလုပ်ချင်နေ တဲ့ပွဲ။ ဒီပွဲက ကျွန် တော်တို့ သမိုင်းပါ။ အခု လှည့်ပြီး အလှူခံတာလည်း အလုပ်တွေရပ်ပြီး လုပ်ကြတာပါ။ ဒီလိုလုပ်တာလည်း ဇာတ်ပိုင်ရှင်အားလုံးက ခွင့်ပြုတယ်။ ဖျော်ဖြေရေး လုပ်တာလည်း ဗိုလ်ချုပ်နဲ့ပတ်သက် တာပဲကပြ ဖျော်ဖြေပေးမှာပါ။ အခုပွဲမှာ သီဆိုတဲ့ ဗိုလ်ချုပ်ဂုဏ်ပြုတေးတွေကို တခြားဇာတ်တွေက ကပြ သီဆိုရင်လည်း ခွင့်ပြုသွားမှာပါ” ဟု လူရွှင်တော် ချစ်မွှေးက ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List