Thursday, November 27, 2014

မိုက်ကယ်ကို ပစ်သတ်တဲ့ ရဲရဲ့ ပြောဆိုမှုအပေါ် အမျက်ဒေါသထွက်ကြ



အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ် ဖာဂူဆန်မြို့က ရဲတစ်ဦးက သူ့ရဲ့အသက် အန္တရာယ်အတွက် စိုးရိမ်လို့ လက်နက်မပါတဲ့ လူမည်းဆယ်ကျော်သက်အရွယ်ကို ပစ်သတ်ခဲ့ရတာလို့ ပြောဆိုပြီးနောက် ပိုပြီးတော့ အမျက်ဒေါသထွက်နေကြပါတယ်။အဲဒီမတိုင်ခင် တရားရုံးတစ်ခုက လက်နက်ကိုင်ဆောင်ထားခြင်း မရှိတဲ့ Michael Brown ဆိုတဲ့ လူမည်း ဆယ်ကျော်သက် ကို ပစ်သတ်ခဲ့တဲ့ ရဲမှာ အပြစ်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ပြီးတဲ့နောက် ဖာဂူဆန်မြို့မှာ အုံကြွမှု ဖြစ်ခဲ့ပါတယ်။ 



ဖာဂူဆန်သာမက နယူးယောက်၊ ချီကာဂို၊ ဆီအာတာ၊ လော့စ်အိန်းဂျလိစ်၊ အုတ်ကလန်နဲ့ ဝါရှင်တန်မြို့အပါအဝင် မြို့ပေါင်း ၁၂ မြို့မှာ လူမည်းတွေ ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။

တချို့လူတွေ ဒေါသ ထွက်နေချိန်မှာပဲ သေနတ် ပစ်ခတ်မှု လုပ်ခဲ့တဲ့ Darren Wilson ဆိုသူ ရဲက သူ့ကိုယ်သူ ကာကွယ်ဖို့ အတွက် အဲဒီ ဆယ်ကျော်သက် အရွယ်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့ရတာလို့ ပြောလိုက်တဲ့အတွက် ပိုပြီး အမျက် ဒေါသ ထွက်နေကြပါတယ်။ 

ဆန္ဒပြသူတစ်ဦးကတော့ အဲဒီ ရဲနဲ့ ပြုလုပ်ထားတဲ့ အင်တာဗျူးကို ကြည့်ဖို့ ငြင်းဆန်ထားကြောင်း Darren Wilson က သူ့ရဲ့ အမှားကို တောင်းပန်ဖို့ ငြင်းဆိုနေပြီး နောက်တစ်ကြိမ်ထပ်လုပ်မယ်လို့ ပြောဆိုတဲ့အပေါ် မထောက်ခံနိုင်ဘူးလို့ ပြောသွား ခဲ့ကြောင်း David Marchese က သတင်းပေးပို့ထားပါတယ်။

အုံကြွမှုအတွင်း အဆောက်အဦးတွေအပြင် ကားတွေနဲ့ ရဲကား တစ်စီးလည်း ပျက်စီးခဲ့ရပါတယ်။ အဲဒီအတွက် လူတချို့ကို ရဲတွေ ဖမ်းဆီးထားပါတယ်။

ဖာဂူဆန်မြို့မှာ လူမည်းတွေ အများစု နေထိုင်ပြီး ရဲအမှုထမ်းတွေက လူဖြူဖြစ်တဲ့အတွက် လူမျိုးရေး တင်းမာမှုတွေ ရှိတတ် ပါတယ်။

ဒါပေမဲ့ ဒီတချီမှာတော့ နယူးယောက်၊ ချီကာဂို၊ ဝါရှင်တန်လို့ မြို့ကြီးတွေအထိ ဆန္ဒပြမှုတွေ ဖြစ်ပေါ်တာကို ကြည့်ခြင်း အားဖြင့် လူမျိုးရေး တင်းမာမှုတွေ ရှိနေတယ်ဆိုတာကို ပြသနေတယ်လို့ သုံးသပ်ကြပါတယ်။

ဆန္ဒပြမှုမှာ ပါဝင်သူ လူမည်း တစ်ဦးကတော့ Michael Brown ကို ပစ်သတ်တဲ့ ရဲကို တရားရုံးက တစ်ခုခု အပြစ်ပေးလိုက် ရင် ဒီလို အုံကြွမှု ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။

အမေရိကန် ရဲတွေက လူမည်းတွေအပေါ် ပစ်ခတ်မှု ပိုလုပ်လာတာတွေ၊ ထောင်တွင်းမှာ လူမည်းဦးရေ ပိုများနေတာတွေ အပြင် သေမိန့်စောင့်ဆိုင်းသူ တွေထဲမှာ လူမည်းတွေ ပိုများတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက အမေရိကန် အစိုးရကို မေးခွန်းထုတ်ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List