အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်း ဆွေးနွေးမှုတွင်ပါဝင်နေသော တပ်မတော်သား ကိုယ်စားလှယ်များအား လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ပေးထားကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား လိုက်သည်။
နိုဝင်ဘာ ၂၃ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင် စီ(ယာယီ)တို့ နေပြည်တော်တွင် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၂ရက်က ကာကွယ်ရေးဦးစီးချုပ် VOA မြန်မာပိုင်းအစီအစဉ်နှင့်တွေ့ ဆုံရာတွင် ကာကွယ်ရေးဦးစီးချုပ်က ၅၉(စ) သည် လူပုဂ္ဂိုလ်ကို ရည်ရွယ်မှုမရှိဘဲ အမျိုးသားရေးကို ရည်ရွယ်ထားခြင်းဖြစ်၍ ရေရှည်ချိန်ဆရမည်ဟု ပြောကြားခဲ့သည်။ ထို့အ တူ ၄၃၆ နှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ရှင်းလင်းဖြေကြားမှုမရှိသော်လည်း ရှေ့လူကြီး ခေါင်းဆောင်အသီးသီးက တွက်ဆပြီးမှ ဆောင်ရွက်ထားခြင်းဖြစ်သည့်အတွက် ဆက်လက်ထိန်းသိမ်းသည့် သဘောသာ ဖြစ်သည်ဟု ပြန်လည်ဖြေ ကြားခဲ့သည်။
ထို့အပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ကျင်းပပြီး စီးရန် တပ်မတော်အနေဖြင့် ဆန္ဒရှိကြောင်း လည်းပြောကြားခဲ့သည်ဟု တွေ့ဆုံမှုတွင် ပါဝင်သူတစ်ဦးဖြစ်သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ အဖွဲ့ဝင် ဦးရဲမင်းဦးက ပြန်လည်ပြောပြသည်။
ထို့အတူ တပ်မတော်အနေဖြင့် နောက်ကြောင်းပြန်စေမည့်ကိစ္စများကို ပြုလုပ်မည် မဟုတ်ကြောင်းလည်း ပြောခဲ့သည်ဟု ဆိုသည်။
အချိန်မှန် ကျင်းပပေးပြီး တရားမျှတကာ လွတ်လပ်သည့် ရွေးကောက်ပွဲ တစ်ခုဖြစ်စေလိုကြောင်း ယခုလအတွင်း မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း ပြောကြားထားသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ယင်းနှစ်၏ အောက်တိုဘာလအကုန် (သို့မဟုတ်)နိုဝင်ဘာလဆန်းတွင် ကျင်းပပေး သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကပြီးခဲ့သည့် လပိုင်းက ရန်ကုန်မြို့၌ ကျင်းပသော အရပ်ဘက် လူမှုအဖွဲ့အစည်းများ နှင့်တွေ့ဆုံပွဲတွင်ပြောကြားထားသည်။
‘‘ညှိနှိုင်းရမယ့်ကိစ္စတွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ကြကိုင်ကြမယ် ဆိုရင် ကောင်းတယ်လို့ကာချုပ်ကပြော တယ်’’ ဟု ဦးရဲမင်းဦးကဆိုသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်ထိပ်ပိုင်းအရာရှိ များနှင့် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) တို့၏ ဒုတိယအကြိမ်တွေ့ ဆုံမှုသည် လေးနာရီကျော် ကြာမြင့်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တပ်မတော်၏ သတင်းအချက်အလက်များ ထုတ်ပြန်ရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးကိစ္စရပ်များ အပါအ၀င် တပ်မတော်၏ ပစ်ခတ်မှုကြောင့်သေဆုံး သွားသည့် ကိုပါကြီး ကိစ္စများလည်း ပါဝင်ခဲ့သည်။
7Day News Journal
No comments:
Post a Comment