ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မိမိအား နိုင်ငံတော် သမ္မတတစ်ဦး အဖြစ် ပျိုးထောင်မွေး ထုတ်ပေးခဲ့သည့် ပုသိမ် အမှတ်(၁) အထက်တန်းကျောင်း အကြီးစားပြင် ဆင်နေ မှုအား နိုဝင်ဘာ၂၄ရက် ည နေ ၄နာရီခန့်က သွားရောက်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက် တံတားကြီးတန်း(ခ) မဟာဗန္ဓုလ လမ်းရှိ အမှတ်(၁) အထက ကျောင်း သည် လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပြင် မြန်မာနိုင်ငံ၏ သမ္မတတစ်ဦးဖြစ်ခဲ့သော သမ္မတ ဒေါက်တာ ဘဦးတို့ကို မွေးထုတ်ပေးခဲ့သည့် အလွန်တရာထူးခြားသည့် အထက်တန်းကျောင်းတစ်ကျောင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ၁၉၆၁-၁၉၆၂ခုနှစ်တွင် ပုသိမ် မြို့ အမှတ်(၁)အထက်တန်းကျောင်း တွင် ၁ဝတန်းအထိ ပညာသင်ယူခဲ့ပြီး ထိုမှ DSA သို့ ဝင်ရောက်ဖြေဆို အောင်မြင်သွားခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် ပုသိမ်အမှတ်(၁) အထက ကျောင်းပြင်ဆင်မှုကို ဇွန် ၆ရက်က ဧရာဝတီ တိုင်းဒေသကြီးခရီးစဉ်တွင် ဝင်ရောက်ကြည့်ရှု လမ်းညွှန်မှုပေးခဲ့ ပြီး ဇွန် ၇ရက်မှစ၍ အကြီးစား ပြင်ဆင် မွမ်းမံစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ပြင်ဆင်မှုနှင့်ပတ်သက် ၍ သမ္မတကြီးက ''ကျောင်းကိုတော့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင် ပေးခဲ့ပြီ။ ထူးချွန်တဲ့ကျောင်းသားတွေ ပေါ်ထွက်အောင် ကြိုးစားဖို့ပဲ လို တော့တယ်''ဟု မိန့်ကြားခဲ့ကြောင်း သိရသည်။
ပုသိမ် အထက(၁)အနေဖြင့် လည်း ၂ဝ၁၄-၂ဝ၁၅ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရရှိရန် အ လားအလာကောင်းသည့် ကျောင်း သား ၁၂ဦးကို စနစ်တကျရွေးချယ် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး၊ ကျန်ကျောင်းသားများထဲမှလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရသင့်သည်ထက် ပိုမိုရရှိရန် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ကျောင်း အုပ်ကြီးဦးသန်းစိုးက ''သမ္မတကြီး က ကျောင်းရဲ့ ပညာရေးအဆင့်အ တန်းမြင့်မားမှုနဲ့ ခြောက်ဘာသာဂုဏ် ထူးရှင်ပေါ်ထွက်ဖို့ မျှော်လင့်ထား တယ်။ ကျွန်တော်တို့ကလဲ ကျောင်း သားဟောင်းတစ်ဦးဖြစ်တဲ့ သမ္မတ ကြီးရဲ့ ရည်မှန်းချက် ပြည့်မြောက် အောင် အကောင်းဆုံးကြိုးစားဖို့ မျှော်လင့်ထားပါတယ်''ဟု ပြော သည်။
ဆက်လက်၍ ယင်းက ''ဒီ ကျောင်းက ရှေးယခင် သမ္မတဒေါက် တာဘဦးနဲ့ အခု သမ္မတကြီးဦးသိန်းစိန် အပါအဝင် နိုင်ငံတော်သမ္မတကြီး နှစ်ဦးပေါ်ထွက်ခဲ့တာကို အတုယူပြီး တစ်ကျောင်းလုံးထူးချွန်အောင် ကြိုး စားဖို့ အသိတွေတိုးပွားအောင် ဖြန့် ဝေထားပါတယ်''ဟု ပြောပြသည်။
သမ္မတကြီးဦးသိန်းစိန်သည် ကျောင်း၏ အကြီးစားပြင်ဆင်နေ မှုကို လိုက်လံကြည့်ရှုပြီးနောက် ၁၉၆ဝ -၁၉၆၁ခုနှစ်ဝန်းကျင်၌ အတူ ပညာသင်ကြားခဲ့သည့် ကျောင်းသား ဟောင်းများမှ တွေ့ဆုံရာ ''သမ္မတ ကြီးရဲ့ကျေးဇူးကြောင့် အုတ်ကြွပ် အမိုးဆောင်းထားတဲ့ ကျောင်းအို ကြီးက အမိုးအစိမ်းရောင်ပြောင်း ပြီး ဆန်းသစ်တဲ့ပုံနဲ့ မြို့ဂုဏ်ဆောင် ဖြစ်နေပါပြီ။ သာမန်လူပြင်ဆင်နိုင်ဖို့ ခက်ခဲတဲ့ကျောင်းတော်ကြီးရဲ့ ဂုဏ် သတင်းဟာ တိုင်းဒေသကြီးတစ်ခုလုံး မှာ သတင်းမွှေးနေပါပြီ''ဟု ကျောင်း သားဟောင်းတစ်ဦးက ပြောသည်။
ပုသိမ်အထက(၁)သည် ၂ဝ၁၃- ၂ဝ၁၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာ မေးပွဲဖြေဆိုသူ ၂၄ဝရှိပြီး အောင်မြင် သူ ၉၆ဦးနှင့် အောင်ချက်ရာနှုန်းရာ ခိုင်နှုန်း၎ဝရှိခဲ့ရာ ယခု၂ဝ၁၄- ၂ဝ၁၅ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲဖြေဆိုမည့်သူ ၂ဝ၃ဦးရှိ၍ အောင်ချက်ရာနှုန်းတိုးတက်ရန် မျှော် မှန်းထားကြောင်း သိရသည်။
ပုသိမ်အထက(၁)ကို အလှူရှင် ငါးဦးမှ ကျပ်သိန်း ၅ဝဝဝဖြင့် ပြင် ဆင်မှု အတွက်လှူဒါန်းခဲ့ကြောင်း သိ ရသည်။
SM
#Democracytoday
Yangon Media Group
No comments:
Post a Comment