Friday, November 28, 2014

အမေရိကန်လေကြောင်းလိုင်းနှစ်ခု ရန်ကုန်နှင့် မန္တလေးလေဆိပ်များအတွက် နည်းပညာကူညီမည်


အမေရိကန်လေ ကြောင်းလုပ်ငန်းနှစ်ခုဖြစ်သည့် ဟန်နီဝဲလ်  (Honeywell)နှင့် ဟုခ်ျစ် (Hughes) တို့က  ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေ ဆိပ်များ၏ လေယာဉ်အတက် အဆင်းလမ်းကြောင်းများအ တွက် PBN ခေါ် ဂြိုဟ်တုအခြေခံ လမ်းကြောင်းပြစနစ်ကို တပ်ဆင် ပေးမည်ဟု အဆိုပါလေကြောင်း လုပ်ငန်းများက ကြေညာသည်။

ထိုကဲ့သို့နည်းပညာပံ့ပိုးခြင်း ဖြင့် အဆိုပါလေဆိပ်များတွင် လမ်းကြောင်းတိုတောင်းပြီး တိုက်ရိုက်လမ်း ကြောင်းများဖြင့် အကျိုး ရှိစွာ လေယာဉ်အတက် အဆင်း ပြုလုပ်နိုင်မည်ဖြစ်သည်။

ရန်ကုန်၊ မန္တလေးလေဆိပ်များသည် မြန်မာနိုင်ငံ၏ အဓိက လေဆိပ်ကြီး များဖြစ်ပြီး တစ်နှစ်ကို ခရီးသည် ဦးရေ သုံးသန်းခန့် အသုံးပြုနေသည့် လေဆိပ်များ ဖြစ်သည်။ယခုဆောင်ရွက်ချက်သည် မြန်မာ့လေကြောင်း ဌာန၏ လေဆိပ်များအဆင့်မြှင့်တင်ရေး ပထမဆုံးဆောင်ရွက်ချက်ဖြစ်သည်။‘

‘ဒီ PBN လေကြောင်းပျံသန်းရေး စနစ်အသစ်က မြန်မာ့လေ ကြောင်းစနစ်ကို ပြောင်းလဲပေးမှာပါ။ ဘေး ကင်းရုံတင်မကဘူး။ ရာသီဥတုအခြေအနေမျိုးစုံမှာ လေယာဉ်တွေကို အတက်အ ဆင်းလုပ်နိုင်စေမှာပါ။ အနာဂတ် အတွက် ခရီးသည်တွေက ပိုအား ကိုးယုံကြည်မှုနဲ့ တိုးတက်စေမယ့် အခွင့်အရေးတွေကိုပါဖြစ် ထွန်း စေပါတယ်’’ဟု  ဟုခ်ျစ်ကုမ္ပဏီ ဥက္ကဋ္ဌ ခရစ်စ်ဘော်က ပြောသည်။

အဆိုပါကုမ္ပဏီများအနက် (Honeywell) မှာ အမေရိကန်နိုင်ငံမေရီလန်းပြည်နယ် အခြေစိုက် လေကြောင်း လုပ်ငန်းတစ်ခုဖြစ် ပြီး ဟုခ်ျစ်မှာ ကယ်လီဖိုးနီးယား ပြည်နယ်အခြေစိုက်လေကြောင်း နှင့်  ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းထုတ် လုပ်ရေးကန်ထရိုက် တာကုမ္ပဏီတစ်ခုဖြစ်သည်။

ကိုးကား-Aviation Today
7Day News Journal

No comments:

Post a Comment

My Blog List