Wednesday, November 26, 2014

အသေခံဗုံးဖောက်တဲ့ အမျိုးသမီးတွေကြောင့် လူ ၄၅ ဦးကျော်သေဆုံး


နိုင်ဂျီးရီးယားနိုင်ငံမှာ ​အသေခံ ​ဗုံးဖောက်ခွဲရေး ​အမျိုးသမီးနှစ်ဦးက ​ဈေးမှာ ​ဗုံးဖောက်ခွဲခဲ့တာကြောင့် ​အနည်းဆုံး ​လူ ​၄၅ ​ယောက်လောက် ​သေဆုံးခဲ့ရ ပါတယ်။နိုင်ဂျီးရီးယားနိုင်ငံ ​မြောက်ပိုင်း ​Maiduguri ​မြို့ ​ဈေးမှာ ​ဆယ်ကျော်သက်အရွယ် ​အမျိုးသမီးနှစ်ယောက်က ​အသေခံ ​ဗုံးဖောက်ခွဲခဲ့တာလို့ ​မျက်မြင်သက်သေ တွေက ​ပြောပါတယ်။

အမျိုးသမီးတစ်ယောက်က ​ဈေးထဲမှာ ​ရပ်ထားတဲ့ ​လံခြား ​ဆိုက်ကားနားကို ​လာပြီး ​ဗိုက်ဖော်ခွဲခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီ ​ဗုံးကြောင့် ​သေဆုံးသူတွေ၊ ​ဒဏ်ရာရသူတွေ ​ရှိနေလို့ ​ကူညီနေကြတုန်း ​နောက် ​၁၀ ​မိနစ်အကြာမှာ ​နောက်ဗုံးတစ်လုံး ​ပေါက်ကွဲခဲ့ပါတယ်။

ဒုတိယဗုံးကိုတော့ ​ကလေးပိုး ​ဟန်ဆောင်ထားတဲ့ ​အမျိုးသမီးက ​ဖောက်ခွဲခဲ့ တာပါ။

အဲဒီအမျိုးသမီးဟာ ​ဗုံးကို ​မွတ်စလင်အမျိုးသမီးတွေ ​ဝတ်ဆင်တဲ့ ​ခေါင်းပေါင်းနဲ့ ​ဝတ်ရုံ ​အောက်မှာ ​ဖွက် လာပြီး ​နောက်ကျောမှာ ​ကလေးပိုးထားတဲ့ ​ပုံစံမျိုးနဲ့ ​ဗုံးကို ​ချည်နှောင်ထားတာ ​ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ဘိုကိုဟာရမ်အဖွဲ့ရဲ့ ​လက်ချက်ဖြစ်မယ်လို့ ​ယူဆနေကြပေမယ့် ​ဘိုကိုဟာရမ်အဖွဲ့က ​တုန့်ပြန်ပြောဆိုထားတာတွေ ​မရှိသေးပါဘူး။

Maiduguri ​မြို့မှာ ​ဘော်နိုပြည်နယ်မှာ ​တည်ရှိပြီး ​အဲဒီ ​ပြည်နယ်ဟာ ​ဘိုကိုဟာရမ်အဖွဲ့ ​ကျင်လည်ကြီးစိုးရာ ​ပြည်နယ်ဖြစ်ပါတယ်။

Maiduguri ​မြို့မှာလည်း ​ဘိုကိုဟာရမ်အဖွဲ့က ​အကြိမ်ပေါင်း ​ဒါဇင်နဲ့ချီ ​အကြမ်းဖက်မှုတွေ ​ပြုလုပ်ခဲ့ဖူးပါ တယ်။

ဘိုကိုဟာရမ် ​အဖွဲ့အစည်းကိုလည်း ​Maiduguri ​မှာပဲ ​တည်ထောင်ခဲ့တာဖြစ်ပြီး ​လွန်ခဲ့တဲ့ ​၁၀ ​နှစ်က ​တည်ထောင်လာတာ ​ဖြစ်ပါတယ်။

အရင်တုန်းကတော့ ​အသေခံ ​ဗုံးဖောက်ခွဲရေး ​သမားတွေဟာ ​အမျိုးသားတွေသာ ​ဖြစ်ပေမယ့် ​အခုအခါ မှာတော့ ​အမျိုးသမီးတွေကို ​ပိုသုံးလာတာကို ​တွေ့ရတယ်လို့လည်း ​သိရပါတယ်။

ဘော်နိုပြည်နယ်အတွင်းက ​ကျေးရွာနဲ့ ​မြို့ပေါင်း ​၂၄ ​မြို့လောက်ကိုလည်း ​ဘိုကိုဟာရမ်အဖွဲ့က ​သိမ်းပိုက် ထားတာ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List