မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ရဲ့ ညီမဟာ မြောက်ကိုရီးယားနိုင်ငံအတွက် အရေးကြီးတဲ့ ရာထူးကို ရရှိကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ခေါင်းဆောင် Kim Jong-un ရဲ့ ညီမငယ် Kim Yo-jong ဟာ အသက် ၂၇ နှစ်သာ ရှိဦးမယ်လို့ ယူဆကြပြီး အရေးကြီးတဲ့ ဌာနတစ်ခုရဲ့ ဒုညွန်ကြားရေးမှူး ရာထူးကို ရရှိသွားတာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်တုန်းက သူမရဲ့ ဖခင် Kim Jong-il ရဲ့ အသုဘ အခမ်းအနားမှာ Kim Yo-jong ကို ပထမဦးဆုံး သတိပြုမိလာကြတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အစ်ကိုဖြစ်သူ Kim Jong-un နဲ့ တစ်ခါတစ်ရံ လိုက်ပါသွား တာကိုသာ တွေ့ခဲ့ရပေမယ့် ရာထူးအကြောင်း ကြေညာသွားတာတွေ မရှိခဲ့ ပါဘူး။
အဲဒီ မောင်နှမ နှစ်ယောက်စလုံးဟာ အစ်ကိုဖြစ်သူ Kim Jong-chol နဲ့အတူ ဆွစ်ဇာလန်နိုင်ငံမှာ ပညာသင် ယူဖူးသူတွေ ဖြစ်ကြပါတယ်။
ဒါပေမဲ့ အစ်ကို ဖြစ်သူက ဘာရာထူးမှ ရရှိခြင်းမရှိပဲ ညီဖြစ်သူ Kim Jong-un က နိုင်ငံ့ခေါင်းဆောင်ရာထူး ရရှိပြီး ညီမဖြစ်သူက အစိုးရဌာနမှာ ဒုညွန်ကြားရေးမှူး ဖြစ်လာတာပါ။
သူတို့ရဲ့ အဖိုးဖြစ်သူနဲ့ ဖခင်ဖြစ်သူကလည်း မြောက်ကိုးရီးယားနိုင်ငံ ခေါင်းဆောင်ဖြစ်ပြီး အခု တတိယ မျိုးဆက်တွေကလည်း ခေါင်းဆောင် ရာထူးရယူထားတဲ့အတွက် Kim Jong အမျိုးတွေ နောက်နောင်ကျရင် လည်း ရာထူးတွေ ဆက်လက်ရရှိမယ့် အခြေအနေအတွက် ဖန်တီးပေးရာ ရောက်တယ်လို့ သုံးသပ်ကြ ပါတယ်။
ABC
No comments:
Post a Comment