Tuesday, November 25, 2014

အာတိတ်ဒေသ၌ ရုရှား၏ စစ်ဘက်ကွပ်ကဲရေးစခန်းသစ်ဖွင့်လှစ်မည်



ရုရှားနိုင်ငံအနေဖြင့် အာတိတ်ဒေသရှိ စစ်ဆင်ရေးများအားလုံးအတွက် မဟာဗျူဟာမြောက် စစ်ဘက်ဆိုင်ရာကွပ်ကဲရေး စခန်းသစ်တစ်ခုကို တည်ဆောက် တော့မည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က တနင်္လာနေ့တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။ 
ကွပ်ကဲရေးစင်တာသစ်အနေဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ကာ လုပ်ငန်း လည်ပတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်မလင်ပြန်ကြားရေးဌာနက ဆိုသည်။ 

သမ္မတပူတင်သည် ရုရှားနိုင်ငံ၏ ထိပ်တန်းစစ်ဘက်ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးပွဲတွင် ယင်းသို့ ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။ 

ကွပ်ကဲရေးစင်တာအနေဖြင့် အာတိတ်ရှိ ရုရှားစစ်တပ်၏ စုဖွဲ့မှုအနေအထားကို ပိုမို ခိုင်မာမှုရှိစေရန်အတွက် အာတိတ်ရှိ ရုရှားလက်နက်ကိုင် တပ်ဖွဲ့များ အားလုံးကို ဦးဆောင်သွားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ရုရှားပိုင် အာတိတ်ဒေသကို မည်သည့်အခါမျှ လက်လျှော့သွားမည် မဟုတ်ကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း သမ္မတပူတင်က အလေးအနက်ထား ပြောဆိုခဲ့သည်။ ယင်းနောက်ပိုင်း တွင် သမ္မတပူတင်က နိုင်ငံ၏လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သည့် အဆင့်မှန်သမျှကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ကာကွယ်ရေးဝန်ကြီးအား ညွှန်ကြားခဲ့သည်။ 

သဘာဝသယံဇာတရေးရာဝန်ကြီး ဆာဂိုင်းဒွန်စကွိုင်ကလည်း ရုရှားအနေဖြင့် အာတိတ် ပိုင်နက်ဧရိယာကို တိုးချဲ့ရန် အတွက် ကုလသမဂ္ဂတွင် တင်ပြသွားရန် စီစဉ်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 

Ref:Xinhua
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List