Monday, November 24, 2014

PR စနစ်ကျင့်သုံးရေးအကောင်အထည်ဖော်မှုကော်မရှင်၏ အစီရင်ခံစာ ယခုအပတ်အတွင်း အမျိုးသားလွှတ်တော် တင်မည်


အမျိုးသား လွှတ်တော်က ဖွဲ့စည်းထားသော PR စနစ်ကျင့်သုံးရေး အကောင်အထည် ဖော်မှုကော်မရှင်၏ အစီရင်ခံစာကို ယခုအပတ်အတွင်း လွှတ်တော်တွင် တင်သွင်းသွားမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် များထံမှ သိရသည်။

PR စနစ်ကျင့်သုံးရေးအကောင် အထည်ဖော်မှုကော်မရှင်က ရေးဆွဲ ထားသောအစီရင်ခံစာကို နိုဝင်ဘာ ၁၈ရက်ကကျင်းပခဲ့သော ကော်မရှင် အစည်းအဝေးတွင် ကော်မရှင်ဝင်များက အတည်ပြုလက်မှတ်ရေးထိုး ခဲ့ပြီး ဖြစ်သဖြင့် လာမည့်နိုဝင်ဘာလ နောက်ဆုံးပတ်တွင် အမျိုးသားလွှတ် တော်သို့ အစီရင်ခံစာတင်သွင်း ရန် ကော်မရှင်ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီအပတ်ထဲမှာ အစီရင်ခံစာ တင်သွားမယ်လို့ ဥက္ကဋ္ဌက ပြောပါ တယ်။ အစီရင်ခံစာရဲ့မိတ္တူကိုလဲ ကော် မရှင်အဖွဲ့ဝင်တွေကို ဝေထားပြီး သွားပြီ။ ပြီးခဲ့တဲ့အပတ်က လုပ်ခဲ့တဲ့ နောက်ဆုံးအစည်းအဝေးမှာတော့ အစီရင်ခံစာမှာပါတဲ့ စာတွေကို ပြန် ချောတာ၊ ပြန်စီတာတွေ လုပ်ခဲ့ပါတယ်'' ဟု ကော်မရှင်အဖွဲ့ဝင် ဦးဖုန်းမြင့် အောင်က ပြောသည်။

PR စနစ်ကျင့်သုံးရေးအကောင် အထည်ဖော်မှုကော်မရှင်အနေဖြင့် ရွေးချယ်ထားသောစနစ်သည် ကိုယ် စားလှယ်ကိုရွေးချယ်ရင်းနှင့်ပါတီကို အချိုးပြုထားသော စနစ်ဖြစ်ပြီး ကိုယ်စားလှယ်အနေဖြင့် ရာခိုင်နှုန်း ၆ဝ ဆန္ဒမဲရရှိထားပါက ပါတီအနေဖြင့်လည်း ထပ်တူရရှိသောစနစ်ဖြစ်သည်ဟု ကော်မရှင်အဖွဲ့ဝင်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့် အောင်က ပြောသည်။

အမျိုးသားလွှတ်တော်တွင် PR စနစ်ကျင့်သုံးရေးအတွက် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၏ လွှတ် တော်ကိုယ်စားလှယ်ဒေါ်ခင်ဝိုင်းကြည် က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကန့်ကွက် သူများရှိခဲ့သော်လည်း မဲခွဲ ဆုံးဖြတ်ရာ တွင် အနိုင်ရရှိခဲ့သောကြောင့် ဇွန် ၁၃ရက်တွင် PR စနစ်ကျင့်သုံးရေး အကောင်အထည်ဖော် မှုကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကော်မရှင်ဖွဲ့စည်းပြီးနောက် တွင် တိုင်းရင်းသားပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စား လှယ်များသည် ကော်မရှင်အဖွဲ့ဝင်အ ဖြစ်မှ နုတ်ထွက်သွားခဲ့ပြီး စတင်ဖွဲ့စည်းချိန်မှ ယခုအချိန်ထိ ကော်မရှင်အစည်းအဝေး ၁၃ကြိမ် ပြုလုပ်ပြီးဖြစ်ကြောင်း အဖွဲ့ဝင်များထံမှ သိရသည်။

SYMZ
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List