Tuesday, November 25, 2014

နိုင်ငံရေးလောကသို့ ပြန်ဝင်ရန် ယင်လတ်စဉ်းစားနေ


ခွင့်ပြုချက်ရမည်ဆိုလျှင် ၂ဝ၁၆ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန် စီစဉ်ထား သည်ဟု ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ထရာက ဆိုသည်။ သူမသည် သူမ၏အစ်ကို သက်ဆင်ရှင်နာ ဝပ်ထရာကဲ့သို့ပင် စစ်တပ်က အာဏာသိမ်းဖယ်ရှားသော ကြောင့် သူမ၏အုပ်ချုပ်ရေးပြိုလဲ ပျက်စီး အဆုံး သတ်မည်ဆိုသည်ကို သူမဝန်ကြီးချုပ်ဖြစ်လာသည့်နေ့က တည်းက သိထားခဲ့ကြောင်း ဝန်ကြီး ချုပ်ရာထူးမှ ဖြုတ်ချခံရပြီးနောက် ပထမဆုံးလူထု တွေ့ဆုံမေးမြန်းမှု ပြုလုပ်ရာတွင် ယင်လတ်ကဆိုသည်။

''စစ်တပ်က အာဏာသိမ်းခြင်းသည် အဝေးပြေးလမ်းပေါ်တွင်ကားကို ရပ်ခိုင်းပြီး လုယက်ခြင်းနှင့်တူ ပါသည်။ ထိုကားလုယက်သူများက ယင်လတ် အစိုးရကို အကျင့်ပျက်ခြစားသည်ဟု စွပ်စွဲခြင်းကို ငြင်းပယ် သည်ဟုဆိုကာ ယင်လတ်ကသူမ၏ အစိုးရအဖွဲ့ကို ကာကွယ်ပြောကြား လိုက်သည်။

''လွတ်လပ်တဲ့ အေဂျင်စီတွေက ဒါမှမဟုတ် နိုင်ငံတော်တရားရုံးက ကြားမဝင်ရင် စစ်တပ်ကအာဏာ သိမ်းမယ်ဆိုတာ ကျွန်မဝန်ကြီးချုပ် ဖြစ်တဲ့ ပထမနေ့ ကတည်းကသိထား ခဲ့ပါတယ်''ဟု ယင်လတ်က ပြောသည်ကို ကိုးကား၍ ဘန်ကောက်ပို့စ်က နိုဝင်ဘာ ၂၄ ရက်၌ဖော်ပြသည်။

နိုင်ငံပိုင် ဘဏ္ဍာငွေဘတ်ဘီ လီယံ ၆ဝဝ ဆုံးရှုံးမည်ဟု စွပ်စွဲခံရ သည့် လယ်သမားများအား အမ တော် ကြေးပေးမည့် စီမံကိန်းမ အောင်မြင်ခြင်းအတွက် ယင်လတ် သည် ဝေဖန်ခံနေရသည်။ 

ထိုစီမံ ကိန်းကို အောင်မြင်စွာဆောင်ရွက်ရန် ပျက်ကွက်သည်ဆိုသော စွပ်စွဲမှုဖြင့် ယင်လတ်သည် ဗဟိုတရားရုံးချုပ်တွင် အမှုရင်ဆိုင်ရဖွယ်ရှိသည်ဟု သိရသည်။

Xinhua
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List