Thursday, November 27, 2014

၂၀၁၃-၂၀၁၄ အတွင်း အမေရိကန်ခေါင်းဆောင်များ လက်ခံရရှိသည့် လက်ဆောင်စာရင်းကို အစိုးရစာရင်းကိုင်ဌာန ထုတ်ပြန်



သမ္မတ အိုဘားမား ၏ အစိုးရအဖွဲ့ဝင်များအား ၂၀၁၃ တွင် နိုင်ငံတကာ ခေါင်းဆောင်များက အစားအစာ၊ ပရိဘောဂမှ အနုပညာပစ္စည်းများ အထိ ဒေါ်လာထောင်နှင့် ချီတန်ဖိုးရှိသော လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ သို့သော် တန်ဖိုးအကြီးဆုံး လက်ဆောင်ပစ္စည်း လက်ခံရရှိသူမှာ သမ္မတ ကတော် မီရှဲအိုဘားမားဖြစ်ပြီး ကျောက်မျက်ရတနာများ စီစဉ်ထား သည့် ရွှေထည်ပစ္စည်းများ လက်ဆောင်ရရှိခဲ့ခြင်းဖြစ်သည်။ 
ဘရူနိုင်း ဘုရင်၏ မိဖုရားက မီရှဲအိုဘားမားအား ၇၁၄၆၈ ဒေါ်လာတန်ဖိုးရှိသော ဆွဲကြိုး၊ လက်စွပ်နှင့် နားဆွဲများ လက်ဆောင်ပေးခဲ့ကြောင်း၊ အစိုးရ အဖွဲ့က နိုဝင်ဘာ ၁၁ တွင် အစီရင်ခံခဲ့သည်။ ထိုရွှေထည်ပစ္စည်းများအား ပန်းသွင်း ပုံဖော်ထားပြီး အဝါရောင်နီလာနှင့် စိန်များပါဝင်သည်ဟုဆိုသည်။

ရွှေထည်များ၏တန်ဖိုးမှာ သမ္မတအိုဘားမား ရရှိဖူးသော တန်ဖိုး အကြီးဆုံး လက်ဆောင်ထက် ၇ ဆမျှ ပိုများသည်။ အမေရိကန်နိုင်ငံဆိုင်ရာ ကာတာ သံအမတ်ကြီးက လက်ဆောင်ပေးခဲ့သည့် ဒေါ်လာ ၁၀၄၀၀ တန် ပယင်းရောင် သိမ်းငှက်ပုံဖန်ရုပ်တုမှာ သမ္မတရရှိဖူးသည့် လက်ဆောင်များတွင် တန်ဖိုး အကြီးဆုံးဖြစ်သည်။ 

သမ္မတအိုဘားမားရရှိဖူးသည့် လက်ဆောင်ပစ္စည်းများတွင် အဇာဘိုင်ဂျန် သံအမတ်ကြီးက ပေးခဲ့သည့် အနီ၊ အဖြူနှင့် အပြာရောင် ဒီဇိုင်းများပါ ဝင်သည့် ဒေါ်လာ ၆၅၆၀ တန် အစာဘိုင်ဂျန်ကော်ဇော၊ တန်ဇန်းနီးယား သမ္မတ ကပေးသည့် ဒေါ်လာ ၄၀၀၀ တန် မြင်းကျားသားရေ၊ ပန်းချီကား၊ ရုပ်တုတစ်ခုနှင့် စင်ကာပူဝန်ကြီးချုပ် က ပေးသည့် ဒေါ်လာ ၄၀၀၀ တန် ကုလားထိုင်တို့ ပါဝင်သည်။

အမေရိကန်ဥပဒေအရ အစိုးရအဖွဲ့ဝင်များ လက်ခံရရှိသည့် လက်ဆောင် ပစ္စည်း များအား အစိုးရပိုင်အဖြစ် လွှဲပြောင်းသိမ်းဆည်းခြင်း၊ တာဝန်နှင့် အသုံးပြုခြင်း များ ပြုလုပ်ရမည် ဖြစ်သည်။ လက်ဆောင်ရရှိသူက ကိုယ်ပိုင်ပစ္စည်းအဖြစ် ရယူ လိုပါက အစိုးရစီမံခန့်ခွဲရေးဌာနက သတ်မှတ်ထားသည့် ဈေးနှင့် ပြန်လည် ဝယ်ယူ ရန်လိုအပ်ပြီး ထိုသို့ဝယ်ယူသူ အနည်းငယ်သာရှိသည်။

နိုင်ငံခြားရေးဝန်ကြီး ဟောင်း ဟီလာရီကလင်တန်က သူမအား မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ လက်ဆောင် ပေးခဲ့သည့် ပုလဲလည်ဆွဲ အား ဒေါ်လာ ၉၀၀ ဖြင့် အစိုးရစီမံခန့်ခွဲရေးဌာန ပြန်လည် ဝယ်ယူ ခဲ့ရသည်။

KHTun
Ref - New York Times
The Ladies News Journal

No comments:

Post a Comment

My Blog List