Wednesday, November 26, 2014

အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု တိုင်းဒေသကြီး ၁၁ခုတွင် ပြုလုပ်မည်



အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုပပျောက်ရေး ဆယ့်ခြောက် ရက်တာ လှုပ်ရှားမှုကို တိုင်းဒေသ ကြီး ၁၁ ခုတွင် အမျိုးသမီးအဖွဲ့ အစည်းများက ကျင်းပပြုလုပ်မည်ဟု သတင်းရရှိသည်။ အိမ်တွင်း ငြိမ်းချမ်းရေးမှ သည် ငြိမ်းချမ်း သော ကမ္ဘာဆီသို့၊အမျိုးသမီးများ အပေါ် အကြမ်း ဖက်မှုပပျောက်ရန် အမျိုးသားများပါဝင်လာနိုင်ရေးအတွက် အမျိုးသမီးအဖွဲ့ အစည်း ၂၂ ခုက နိုဝင်ဘာ ၂၅ ရက်မှဒီဇင်ဘာ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။
‘‘ကျေးရွာဒေသက အမျိုးသမီးတွေဟာ ကိုယ့်ကိုအကြမ်းဖက်တာကို ဘယ်လိုကာကွယ်ရမ လဲ၊ ဘယ်လိုရှောင်ရှားရမလဲ။ ကိုယ်အနီးဆုံးမှာရှိတဲ့ အမျိုးသားတွေက ကိုယ်ကိုအကြမ်းမဖက် အောင် ဘယ်လိုနေထိုင်သွားမလဲ ပေါ့။ အမျိုးသမီးတွေ အကြမ်းဖက် တာ တွေ ပပျောက်အောင်ဆိုတာ အမျိုးသားတွေကလည်း ၀ိုင်းဝန်း ပေးကြဖို့အတွက် ဒီလှုပ်ရှားမှု ကနေ အသိပညာပေးသွားမှာပါ’’ ဟု GEN အမျိုးသမီးအဖွဲ့အစည်း မှ ဒေါ်မေစံပယ်ဖြူကပြောသည်။

အမျိုးသမီးများအပေါ် အ ကြမ်းဖက်မှုကို ဆန့်ကျင်ပြီး မိမိ ကိုယ်တိုင်လည်း မည်သို့သော အကြမ်းဖက်မှုများကိုမလုပ်ဆောင် ရန်၊ အကြမ်းဖက်မှုကို တတ်နိုင်သမျှ တားဆီးကာကွယ်ပေးရန်၊ မိမိတို့၏ အနေအထိုင်အပြုအမူများကို မည်သို့ကျင့်ကြံ နေထိုင်သွားကြရန် တစ်ဦးချင်း အသိပညာပေးမှုကို ဆောင်ရွက် သွားမည်ဖြစ်သည်။ ဒေသအဆင့်၊ နိုင်ငံအဆင့်နှင့် နိုင်ငံတကာ အဆင့်တို့တွင် လူထုပညာပေးမှုမြှင့်တင်ရန် နှစ်စဉ်ကျင်းပလေ့ရှိသည့် အပြည်ပြည်ဆိုင်ရာ စည်းရုံးနှိုးဆော်မှု တစ်ခုအနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

‘‘ရန်ကုန်လို နေရာတွေက အိမ်ဖော်အလုပ်လုပ်တဲ့ အမျိုး သမီးအချို့အကြမ်း ဖက်ခံရတာ တွေကို နယ်ကလူတွေက မသိရ တာများတယ်။ ဒီအတွက် အခု လုပ်မယ့်လှုပ်ရှားမှုက နယ်ဒေသတွေကို အဓိကထားပြီး မဖွံ့ဖြိုး သေးတဲ့ ဒေသကို ပညာပေး သွားမှာပါ’’ဟု ရခိုင်ပြည်နယ် စစ်တွေ မြို့ အခြေစိုက် အမျိုးသမီးအဖွဲ့အ စည်းကွန်ရက် တာဝန်ခံ မနန့် သန္တာအောင် ကပြောသည်။

အမျိုးသမီးများအပေါ် အ ကြမ်းဖက်မှုပပျောက်ရေးနှင့် ပတ် သက်၍ လူထုကို အသိပညာ မြှင့်တင်ပေးရန်၊ အကြမ်းဖက်မှု တားဆီးကာကွယ်ရန် အမျိုးသား များ၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်သွားရန်၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုသည် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတစ်ခုဖြစ် ကြောင်း ဒေသတွင်းနှင့် နိုင်ငံတော်အဆင့်အထိ အသိပညာမြှင့်တင်မှု ဆောင်ရွက် ရန် အဖွဲ့အစည်း များက သဘောတူထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List