ဦးမြငါးစင် ကူးတို့ဆိပ်ကမ်းမှ ရွှေ့ပြောင်းရမည့် သမ္ဗန်များဆိုက်ကပ်ရန် ဂိတ်အသစ် တစ်ခုနှင့်ရေဆင်း တံတားကို မောင်း လေးချောင်းကူးတို့ဆိပ်တွင် သီးသန့် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အနောက် ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဝင်းက ဒီမိုကရေစီတူဒေးသတင်းစာသို့ နိုဝင်ဘာ ၂၅ ရက်တွင် ပြောသည်။
အလုံတစ်ဖက်ကမ်းရှိ ဦးမြငါးစင်၊ ချောင်ဝိုင်းကြီး၊ ချောင်ဝိုင်းလေးမှ အလုံဘက်သို့ သမ္ဗန်များဆိုက်ကပ်သည့် သမ္ဗန်ဆိပ်ကို အလုံအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း၏ စီမံကိန်းမြေနေ ရာတွင်ပါရှိနေသဖြင့် မောင်လေးချောင်း ဆိပ်ကမ်းတွင် ဆိုက်ကပ်နိုင်ရန် စီစဉ် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ဦးမြငါးစင်ဘက်က သမ္ဗန်သ မားတွေက မောင်းလေးချောင်း ဆိပ်ကမ်းဘက်မှာ သမ္ဗန်ကပ်ဖို့ သပ်သပ် ဆောက်ချင်တယ်ဆိုပြီးညှိနှိုင်းလို့ စီစဉ် ပေးခဲ့တာပါ။ သူတို့လုပ်ချင်တဲ့နေရာကို ဒီနေ့လာကြည့်မယ်ပြော ပါတယ်။ ပြီးတာနဲ့ အမြန်ဆုံးစီစဉ်ပေးသွားမှာပါ''ဟု အနောက်ပိုင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဝင်းက ပြောသည်။
လက်ရှိအချိန်တွင် ကျောင်းသားများ ကျောင်းတက်၊ ကျောင်းဆင်းအဆင်ပြေ စေရန် မူလသမ္ဗန်ဆိပ်မှ တက် ရောက်ခွင့်ပြုထားပြီး ကျောင်းအုပ် ဆရာမကြီး နှင့် တာဝန်ရှိသူများကိုယ်တိုင် အလုံအပြည်ပြည်ဆိုင်ရာဆိပ် ကမ်းဝင်းအတွင်းမှ ကားများဖြင့် အ ကြိုအပို့ပြုလုပ်ပေးနေကြောင်း သိရသည်။
''ကလေးတွေ ပညာရေးကို ဦး စားပေးပြီးတော့ ဆန္ဒဖော်ထုတ်နေ တာကို ရုပ်သိမ်းပေးခဲ့တာပါ။ လော လောဆယ် ကလေးတွေကို အကြိုအပို့လုပ် ပေးနေတာ ကျေးဇူးတင်ပါတယ်။ ဒီသမ္ဗန်ဆိပ်က မဖြစ် မနေပြောင်းရမယ်ဆိုတော့လဲ ပြောင်းရမှာပေါ့။ ဆိပ်ခံ အသစ်က နည်းနည်းပိုဝေးသွားပြီး မိုးတွင်းဆို အန္တရာယ်များပါတယ်''ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။ ဆန္ဒပြစဉ်က ကျောင်းပျက်ခဲ့ သော ကျောင်းသင်ခန်းစာများ ပြန် လည် သင်ကြား နိုင်ရန် စီစဉ်ပေးထား ပြီး ယခုအချိန်တွင် ကျောင်းသားအား လုံး ကျောင်းပြန်တက်နေပြီဖြစ်ကြောင်း အနောက်ပိုင်းခရိုင်အထွေထွေအုပ် ချုပ် ရေးမှူးက ပြောသည်။
''လက်ရှိမှာ ဆရာမကြီးတို့ဖက်က ကလေးတွေအတွက် ပညာရေးနဲ့ ပတ်သက်တဲ့အကူအညီတွေပေးလျက် ရှိပါတယ်။ ကျောင်းကြိုပို့ယာဉ်တွေကို စီစဉ်ပေးထားပြီးတော့ နေ့စဉ်ကြို ပို့လုပ်နေပါတယ်။ ပြီးတော့ အဲဒီ ကလေးတွေ ကျောင်းပျက်ရက်တွေအတွက် ကျောင်းချိန်အတွင်းမှာပြန် သင်ကြားဖို့ တီချယ်ကြီးတို့ ညွှန်ကြားထားတယ်။ လက်ရှိမှာသင်လဲ သင် ကြားနေပါပြီ''ဟု အနောက်ပိုင်းခရိုင် ပညာရေးညွှန်ကြား ရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။
ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ချောင်ဝိုင်းကြီး၊ ချောင်ဝိုင်းလေးနှင့် ဦးမြငါးစင်ရပ်ကွက်များမှ အလုံမြို့နယ် အထက(၇)တွင် ကျောင်းတက်နေ သည့် ကျောင်းသား ၂၈၈ဦးရှိကြောင်း သိရသည်။
ယင်းအပြင် ဦးမြငါးစင်မှတောင်း ဆိုနေသောဆိပ်ကမ်းနေရာမှာ အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံ ကိန်း မှ ရေဆိုးများစွန့်ပစ်မည့်နေရာဖြစ်ပြီး ဆိပ်ကမ်းဖွင့်လှစ်ပါက နိုင်ငံတကာ မှ သင်္ဘောကြီးများပါ ဆိုက်ကပ်ပြီး ကွန်တိန်နာများ အတင်အချပြုလုပ် မည်ဖြစ်သဖြင့် ခွင့်ပြုရန် မဖြစ်နိုင် ကြောင်း အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်နိုင် က ပြောသည်။
Yangon Media Group
No comments:
Post a Comment