Friday, November 28, 2014

မွမ်ဘိုင်း အကြမ်းဖက် တိုက်ခိုက်ခံရမှု ခြောက်နှစ်ပြည့် အခမ်းအနား ကျင်းပ


၂၀၀၈ ခုနှစ်က လူပေါင်း ၁၆၆ ဦး သေဆုံးခဲ့သော မွန်ဘိုင်းအကြမ်းဖက် တိုက်ခိုက်မှုဖြစ်ရပ် ခြောက်နှစ်ပြည့် သည့် အမှတ်တရအခမ်းအနားများကို အိန္ဒိယနိုင်ငံတွင် နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့သည်။ အဆိုပါ အကြမ်းဖက်မှု ဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ်သူများက ယင်းထိတ် လန့်စရာ အဖြစ်ဆိုးကို မည်သည့် အခါမှ မေ့ပျောက်နိုင်မည် မဟုတ်ဟု ပြောကြားကြသည်။ 

ယင်းအကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးသွားခဲ့သူများ၏ မိသားစုများနှင့် နိုင်ငံရေးသမားများ သည် နိုင်ငံတစ်ဝှမ်းရှိ နေရာများစွာတို့၌ ပန်းစည်းများ၊ ပန်းခွေများချ၍ အမှတ်တရ အခမ်းအနားများကို ကျင်းပ
ခဲ့ကြသည်။ ၂၀၀၈ ခုနှစ်က သေနတ်သမား များသည် မွန်ဘိုင်းမြို့ရှိ ဇိမ်ခံဟိုတယ်များ၊ ထင်ရှားသည့် ကော်ဖီဆိုင်တစ်ဆိုင်၊ ဘူတာရုံတစ်ခုနှင့် ဂျူး ဘုရားကျောင်း တစ်ခုတို့ကို ပစ်မှတ်ထား၍ အပြစ်မဲ့ပြည်သူ
များကို သတ်ဖြတ် ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့မှာဆိုရင် ၂၀၀၈ ခုနှစ်က မွန်ဘိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဆိုးကို ကျွန်တော်တို့ အောက်မေ့သတိရနေ
မိပါတယ်၊ သေဆုံးသူတွေအတွက် ကျွန်တော်တို့ အလွန် နာကျင်ခံစားရပါတယ်” ဟု အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒါ မိုဒီက ခတ္တမန္ဒူ ရှိ ဒေသတွင်း အစည်းအဝေးတစ် ခုတွင် ပြော ကြား သွားသည်။ 

“အကြမ်းဖက်ဝါဒနဲ့ နိုင်ငံအရပ်ရပ်က အမှုအခင်းတွေကို တိုက်ဖျက်ဖို့ သဘောတူထားတဲ့ ကတိက၀တ်တွေ အတွက် ကျွန်တော်တို့ အတူတကွ လုပ်ဆောင်ကြပါစို့” ဟု ၀န်ကြီးချုပ် မိုဒီက ပြောကြားသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းက ပင်လယ်ရေလမ်းခရီးဖြင့် ရောက်ရှိလာကြသော သေနတ် သမားများကို အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရသည်။ ယင်းအချိန်က အာဏာပိုင်များသည် မွန်ဘိုင်းမြို့ကို အကြမ်းဖက်သမားများလက်အတွင်းမှ ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် သုံးရက် ကြိုးပမ်း ခဲ့ရသည်။

လက်ရှိအချိန်တွင် အိန္ဒိယအစိုးရက ယင်းတိုက်ခိုက်မှုများအတွက် ပါကစ္စတန်အခြေစိုက် လက်ရှ်ကာ စစ်သွေးကြွ အုပ်စုကို ပြစ်တင်ပြောကြား ခဲ့သည်။ အဆိုပါ အိမ်နီးချင်းနှစ်နိုင်ငံအကြား  ဆက်ဆံရေးအခြေ အနေ သည်လည်း တင်းမာနေပြီး ပါကစ္စတန်အစိုးရအနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုတွင် အဓိက အပြစ်ရှိသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူရန် အတွက် အိန္ဒိယအစိုးရက ဖိအားပေးပြောကြားခဲ့သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List