Friday, November 28, 2014

ကျောက်ဖြူအထူးစီးပွားရေးဇုန် အဓိကရင်းနှီးတည်ဆောက်သူကို သမ္မတ တိုက်ရိုက်ရွေးချယ်မည်ဟုဆို


နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၏ အဓိက ရင်းနှီးတည်ဆောက်သူကို သမ္မတက တိုက်ရိုက် ရွေးချယ်သွားမည်ဖြစ်ကြောင်း ကျောက်ဖြူအထူးစီးပွားရေး ဇုန် စီမံခန့်ခွဲရေး ဆပ်ကော်မတီမှ သတင်းရရှိသည်။

စိတ်ဝင်စားမှုတင်ဒါ(EOF) အောင်မြင်ခဲ့သော ကုမ္ပဏီများ အနက် ရင်းနှီးတည်ဆောက်သူအဖြစ် နောက်ဆုံး အဆင့် အဆိုပြုလွှာတင်သွင်းထားသော ကုမ္ပဏီကိုသာ ရင်းနှီးတည်ဆောက်သူအဖြစ် တိုက်ရိုက်ရွေးချယ် မည် ဖြစ်သည်။

စိတ်ဝင်စားမှုတင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီ ၁၂ ခု ရှိခဲ့သည်ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန်၏အွန်လိုင်း စာမျက် နှာ၌ ဖော်ပြထားသော်လည်း သြဂုတ်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံပိုင်သတင်းစာ၌ စိတ်ဝင်စား မှုလျှောက်လွှာ တင်ပြသူမှာ ကုမ္ပဏီ အုပ်စု ခုနစ်ခုသာ ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သဖြင့် ကွဲလွဲမှုများ ရှိ နေသည်။

‘‘အဆိုပြုလျှောက်လွှာတင်တဲ့ရက်က နိုဝင်ဘာ ၂၅ ရက်မှာ ပိတ်သွားပါပြီ။ တင်ထားတဲ့ ကုမ္ပဏီစာရင်းတွေ သမ္မတရုံးကို ပို့ ထားပါတယ်။ နောက်ဆုံးအဆင့် ဘယ်လောက်လျှောက်တယ်ဆိုတာပြောလို့မရသေးပါဘူး။သမ္မတရုံးကရွေးချယ်ပြီး သွားရင် မကြာခင်ထုတ်ပြန်တော့မှာပါ’’ ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ဆပ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သမ္မတရုံးမှ တိုက်ရိုက်ရွေးချယ်ပြီးပါက ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် ရေနက်ဆိပ် ကမ်းစီမံကိန်း၊ စက်မှုဇုန်စီမံကိန်း နှင့် လူနေအိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်လုပ်ကိုင်ခွင့်ရသည့် ရင်းနှီးတည်ဆောက်သူ နောက်ဆုံးစာရင်း ထွက်ရှိလာ မည်ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်းအတွက် ရင်းနှီး တည် ဆောက်သူအဖြစ် နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ စိတ်ဝင်စားသူ ကုမ္ပဏီ ပေါင်း ၁၂ ခုက အမေရိကန် ဒေါ်လာ ၁,၀၀၀ ပေးသွင်းပြီး လျှောက်လွှာများရယူခဲ့ ကြသော်လည်း နိုင်ငံငါးနိုင်ငံမှ ကုမ္ပဏီ ခုနစ်ခုက စိတ်ဝင်စားမှု ဖော် ပြလွှာသာ တင်သွင်းခဲ့ကြသည်ဟု သတင်းရရှိသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်ကို ၂၀၁၅ မတ်လတွင် အ ကောင်အထည် ဖော်နိုင်ရေးအတွက် ရင်းနှီး တည်ဆောက်သူများကို ယခုနှစ်ဇူလိုင်တွင် စင် ကာပူနိုင်ငံနှင့် ရန်ကုန်မြို့၌ ဈေးကွက်ရှာဖွေရေးအလုပ် ရုံဆွေးနွေး ပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး နိုင်ငံ တကာလုပ်ငန်းရှင်များအား စိတ် ၀င်စားမှုတင်ဒါခေါ်ယူခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည် တရုတ်-အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများကို ဆက်သွယ်ပေး မည့် အချက်အ ချာကျသည့် စီးပွားရေးရပ်ဝန်း တစ်ခုဖြစ်၍ အကောင်အထည် ဖော်လာပါက တိုင်းပြည်၏ ၀င်ငွေ ၈၀ ရာခိုင်နှုန်း ရှာဖွေပေးနိုင်သည်ဟု မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေသာ CPG အကြံ ပေးကုမ္ပဏီက ခန့်မှန်းသည်။

ယခင်က ကျောက်ဖြူအထူး စီးပွားရေးဇုန်ကို မြေဧက တစ် ထောင်ဖြင့် စတင်မည်ဟုထုတ်ပြန်ထားသော် လည်း တိုင်းတာမှုများ ပြုလုပ်ရာတွင် နယ်မြေအနေအထားကြောင့် ယခုနှစ်ဆန်းပိုင်းက ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် မြေဧကလေးထောင် တိုးချဲ့ သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

7Day News Journal 

No comments:

Post a Comment

My Blog List