Friday, November 28, 2014

NLD က ဖိတ်ကြားသော နေပြည်တော် တွေ့ဆုံပွဲသို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ မတက်ရောက်နိုင်ခဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် တပ်မတော်နှင့် NLD အမြင်ကွဲလွဲနေခြင်းကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


NLD ပါတီက ဖိတ်ကြားသော နေပြည် တော်တွေ့ဆုံပွဲသို့ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များ မတက်ရောက်နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။ မတက်ရောက်နိုင်သည့် အကြောင်းအရင်းမှာ ဖိတ်စာရချိန်
နှင့်တွေ့ဆုံရန် စီစဉ်ထားသည့်အချိန်ကပ်သွားသဖြင့် စီစဉ်ချိန်မ ရခြင်းနှင့်စီစဉ်ထားသည့်အချိန်တွင် တပ်မ တော်သားများ၏ နှုတ်ဆက်ပွဲတစ်ခုရှိနေခြင်း ကြောင့်ဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တပ်မ တော်သား လွှတ်တော်ကိုယ်စားလှယ်များ နှင့်နေပြည်တော်စည်ပင် ရိပ်သာ၌ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းတွင် တွေ့ဆုံကြရန် စီစဉ် ခဲ့ပြီး ဖိတ်စာများကို နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် တပ်မတော်သားများထံ ပေး ဝေခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘော တွေ့ဆုံစကားပြောဖို့နဲ့ ညစာစားဖို့ ဖိတ်ကြား ခဲ့ပါတယ်။ ဒီနေ့(နိုဝင်ဘာ ၂၇ ရက်)တပ်မ တော်ဘက်ကအကြောင်းပြန်တယ်။ စာနဲ့ရေး သားပြီး အကြောင်းပြန်တယ်။ သူတို့ မတက် ရောက်နိုင်တဲ့အကြောင်း၊ လွှတ်တော်အပြီး နှုတ်ဆက်ပွဲနဲ့ တိုက်နေတဲ့အကြောင်း၊ ဖိတ် ကြားချိန်မှာ ကပ်သွားတဲ့အတွက် နောက် နောင်မှာ ကြိုတင် ဖိတ်ကြားဖို့အကြောင်း အကြောင်းပြန်ခဲ့ပါတယ်”ဟု NLD  လွှတ် တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြား သည်။

အန်တီတို့  ကိုယ်စားလှယ်တွေက ခင်ခင်မင်မင်နဲ့  အချင်းချင်းပေါ့နော်။ သူတို့အချင်းချင်းလည်း ခင်တာတွေ၊ ဘာတွေရှိတော့ ဖိတ်ချင်တယ်ဆိုတော့ အန်တီအနေနဲ့လည်း  ဖိတ်ချင်တယ်။ ဒါကောင်းတာပေါ့။ လာနိုင် ရင်လည်း  ကောင်းတာပေါ့။ ဖိတ်ချင်တဲ့ ဆန္ဒရှိရင် ဖိတ်ပါဆိုပြီး   ဖိတ်ထားပါတယ်... 

၎င်းကိစ္စနှင့်ပတ်သက်၍ တပ်မတော် သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက “နှုတ်ဆက်ပွဲလေးရှိတယ်။ ရိပ်သာမှာလေ။သူတို့ကိုလည်း အကြောင်းပြန်ပေး ထားတယ်။ နှုတ်ဆက်ပွဲလေးရှိတယ်။ ရာထူးတိုးပြီး ပြောင်းသွားတဲ့ အရာရှိတွေ လည်း ရှိတယ် လေ။ တပ်မတော်သားနှုတ်ဆက်ပွဲလေးလုပ် တယ်လေ။ အမျိုးသားလွှတ်တော်ကတော့ သူတို့ဆီမှာလည်း ဒင်နာရှိတယ်။ ပြည်သူ့ လွှတ်တော်ကတော့ တို့အချင်းချင်း နှုတ် ဆက်ပွဲပေါ့။ သူတို့ကိုတော့ ပြန်ပြောထား တယ်လေ။ မအားလပ်တဲ့အကြောင်း စာလေး နဲ့ နံနက်က ပြန်ပြောထားတယ်။ နောက် တစ်ကြိမ်ကြရင် ကြိုပြောပါလို့ ပြောထား တယ်။ ကြိုပြောရင် အားတဲ့ ရက်ပေါ့လေ။ သူတို့ကတော့ ခင်ခင်မင်မင်နဲ့ ဖိတ်ချင်တာ လေ။ ဘာရည်ရွယ်ချက် မှမဟုတ်ပါဘူး။ တို့ ကလည်း တို့အားတဲ့ရက်ပေါ်မူတည်ပြီးတော့ ပြန်အကြောင်းပြန်ရတာပေါ့။ သဘောထား ကို စာထဲမှာလည်းပါတယ်။ ဖိတ်တာက ကပ်သွားတာပေါ့။ စာရတာက မနေ့က ညနေမှရတာ။ ကြိုပြောရင် ညှိလို့ ရတယ်။နောက်တစ်ကြိမ် မဖိတ်ခင်မှာ ကြိုပြီးပြော ရင် အဆင်ပြေ တာပေါ့”ဟု ပြောကြားသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်က သတင်းထောက်များအား မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားရာတွင် “အန်တီ တို့ ကိုယ်စားလှယ်တွေက ခင်ခင်မင်မင်နဲ့ အချင်းချင်းပေါ့နော်။ သူတို့အချင်း ချင်းလည်း ခင်တာတွေ၊ ဘာတွေရှိတော့ ဖိတ်ချင်တယ် ဆိုတော့ အန်တီအနေနဲ့လည်း ဖိတ်ချင်တယ်။ ဒါကောင်းတာပေါ့။ လာနိုင်ရင်လည်း ကောင်း တာပေါ့။ ဖိတ်ချင်တဲ့ ဆန္ဒရှိရင် ဖိတ်ပါဆိုပြီး ဖိတ်ထားပါ တယ်”ဟု ဆိုသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ်များအား ထပ်မံဖိတ်ကြားရန် ဝန်လေး နေမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးအတွက် တပ်မတ်ာနှင့် NLD အမြင်ကွဲ လွဲနေခြင်းကို ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် အဖြေ ရှာသွားမည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

နိုဝင်ဘာ ၂၇ ရက်တွင် နေပြည်တော် လွှတ်တော်အဆောက်အအုံ၌ ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် မီဒီယာများတွေ့ ဆုံပွဲတွင် ယခုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

သတင်းထောက် တစ်ဦး မေးမြန်းသည့် လွှတ်တော်တွင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ် သက်၍ တပ်မတော်နှင့် NLD ထိပ်တိုက် အပြန်အလှန်ဆွေးနွေးနေ ကြမှုအား မည်သို့ ဆက်လက်ဆောင် ရွက်ရန် ရှိကြောင်း မေးမြန်း ချက်အပေါ်  ဒေါ်အောင် ဆန်းစုကြည်က “ထိပ်တိုက်ရင်ဆိုင်မှုဆိုတဲ့ စကားဟာ ဒီမိုကရေစီ သဘောတရားကို နားမလည်ရာရောက်မလားမသိဘူး။ ကိုယ် နဲ့သဘောထားမတူတဲ့သူတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရတယ်လို့မဟုတ်ဘူး။ ကိုယ်နဲ့သဘော ထားမတူတဲ့လူနဲ့ဆိုရင် သဘောထားချင်း ဖလှယ်ပြီးတော့ ညှိနှိုင်းပြီး ဆွေးနွေးဖို့ပဲ။ ဒါမှ အန်တီခဏခဏပြောတယ်။ ဒီမိုကရေစီဆိုတာ နိုင်ငံရေးစနစ် တစ်ခုတင် မဟုတ်ဘူး။ ယဉ်ကျေးမှုတစ်ခုဖြစ်တယ်။ ယဉ်ကျေးမှုတစ်ခုရဲ့ အခြေခံကျတဲ့မူတစ်ခုကဘာ လည်း ဆိုတော့ ညှိနှိုင်းပြီးတော့ အဖြေရှာရမယ်။ညှိနှိုင်းပြီးတော့ အပေးအယူလုပ်နိုင်ရမယ်။အဲ့ဒါပဲလေ။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းမတူလို့ ထိပ်တိုက်ရင်ဆိုင်ရမယ် ဆိုတာကိုက ဒီမိုကရေစီရဲ့ အခြေခံမူနဲ့နည်း နည်းကွဲလွဲနေတယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီက လူတွေကမတူဘူးဆိုတာ လက် ခံတယ်။ မတူဘူးဆိုတာလက်ခံလို့ကို မတူ တဲ့သဘောထားတွေကို ဘယ်လိုညှိရမလဲဆိုတာ အဖြေရှာရင်းနဲ့ ဒီမိုကရေစီစနစ်ဆိုတာ ပေါ်လာတာပေါ့။ သူ့မှာ မဲပေးတဲ့စနစ်ပဲရှိ တယ်။ မဲပေးတဲ့စနစ်မှာ တစ်ယောက် တစ်မျိုး  အမြင်မတူမယ့်အစား မဲပေးလိုက်ပြီးတော့ အများစုကနေနိုင်စေဆိုတာလည်း နည်းတစ် ခုပဲ။ မတူတဲ့သဘောထားတွေကို အခြေခံပြီး တော့ ဘယ်လိုပြေလည်မှုယူမလဲ။ အဲဒီလိုပဲ လွှတ်တော်ထဲမှာ ၄၃၆ ကိုမပြင်ရေးဘက် ကနေ ရပ်တည်ခဲ့တာဟာ တပ်မတော်သား ကိုယ်စားလှယ်တွေက ရပ်တည်ခဲ့တယ်ဆို တာ မှန်ပါတယ်။ ၅၉(စ)ဘက်ကနေ မပြင် ရေးဘက်က ရပ်တည်ခဲ့တယ်ဆိုတာလည်း မှန်တယ်။ ဒါပေမဲ့ တချို့ကိုယ်စားလှယ်တွေ ထဲမှာ တချို့ပါတီထဲမှာလည်း ၅၉(စ)ကို မပြင်ရေးပြောခဲ့တာရှိပါတယ်။ တပ်မတော် သားကိုယ်စားလှယ်တွေက သဘောထား မတူတာ မဟုတ်ပါဘူး။ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့သာ သဘောမတူညီ တာမဟုတ်ပါဘူး။ တူညီတဲ့သူရှိသလို မတူ ညီတဲ့သူလည်း ရှိတယ်။ဒါဟာလက်ခံရ မှာပဲ။ ဒါလူ့အဖွဲ့အစည်းရဲ့ သဘာဝပဲ။ အဲ့ တော့ ဒီဟာတွေကို ဘယ်လိုညှိမလည်း ဆိုတဲ့ နည်းကိုရှာရမှာပဲ။ ဒါကိုသိပ်ပြီးတော့ အလေး ထားပေမယ့်လည်း သိပ်ပြီး စိုးရိမ်လွန်နေဖို့ လည်းမလို ဘူး။ ဒါမျိုးဆိုတာဟာ ကျော် လွှားဖို့ ဘယ်လိုနည်းလမ်းရှာမလည်းဆိုတာ ကိုပဲ စဉ်းစားရမှာဖြစ်တယ်”ဟု ပြောကြား ခဲ့သည်။

လက်ရှိအချိန်တွင် လွှတ်တော်တွင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးမှုများတွင် တပ်မတော်ကပုဒ်မ ၄၃၆ နှင့်ပုဒ်မ ၅၉(စ)မပြင်ဆင် သင့်ကြောင်း ပြော ကြားထားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List