Tuesday, November 25, 2014

နီပေါနိုင်ငံမှာ ဘတ်စ်ကားတိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် သေဆုံးသူ (၄၇) ဦးတွေ့ရှိ

   
နီပေါနိုင်ငံရဲ့ အနောက်ပိုင်းမှာရှိတဲ့ မြစ်တစ်စင်းထဲ ဘတ်စ်ကားတစ်စီး လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွား ပြီးတဲ့နောက် နီပေါအာဏာပိုင်တွေက သေဆုံးနေတဲ့ အလောင်း (၄၇) လောင်းတွေ့ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ ကြသပတေးနေ့က ထွန်စက်တစ်စီးကို ရှောင်တိမ်းဖို့ လမ်းကြောင်းပြောင်းလိုက်တဲ့ အချိန်မှာ Jajarkot ဒေသက တောင်ပေါ်လမ်းတစ်နေရာမှာ လမ်းချော်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီဘတ်စ်ကားရှိရာဆီ အရောက်သွားဖို့နဲ့ အသက်ရှင်နေသေးသူတွေကို ကယ်တင်ဖို့ ကြိုးစားမှုတွေ လုပ်ဆောင်ရာမှာ နေရာဒေသ အလှမ်းဝေးဖြစ်နေခြင်းနဲ့ အားကောင်းလှတဲ့ ရေစီးကြောင်းတွေက အဟန့်အတားဖြစ်စေခဲ့ပါတယ်။

ဘတ်စကားပေါ် ပါလာတဲ့ အယောက် (၁၀)ကတော့ ဘေးလွတ်ရာကို ကူးခတ်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ သူတို့ကို ဆေးရုံပို့လိုက်ပါတယ်။

ဘတ်စကားပေါ် ပါလာတဲ့ လူဦးရေကို အတည်ပြုနိုင်ဖို့ ကြိုးစားဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ခရီးသည် (၄၅) ယောက်နဲ့ ခရီးစတင် ထွက်ခွာလာခဲ့တာဖြစ်ပြီး လမ်းမှာလည်း ခရီးသည် ထပ်တင်ဆောင်ခဲ့ပါသေးတယ်။

ကယ်ဆယ်ရေးသမားတွေ အဲဒီအခင်းဖြစ်ပွားရာနေရာကို ရာက်ရှိလာဖို့ နာရီပေါင်းများစွာကြာခဲ့ပြီး ရေနစ်နေတဲ့ဘတ်စ်ကားဆီရောက်သွားဖို့ ယာဉ်မောင်းတွေဟာ အလွန်အေးစက်နေတဲ့ ရေထဲကို အရင် ဖြတ်ကျော်သွားခဲ့ကြရပါတယ်။

Source: Armradio
Trend Myanmar

No comments:

Post a Comment

My Blog List