Thursday, November 27, 2014

လိုင်ဇာတွင် ကျဆုံးခဲ့သည့် တိုင်းရင်းသား ဗိုလ်လောင်းများအတွက် ဆုတောင်းပွဲ ကျင်းပ



ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာ စစ်သင်တန်းကျောင်း၌ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရ သည့် တိုင်းရင်းသား ဗိုလ်လောင်းများအတွက် အောက်မေ့ သတိရခြင်း ဆုတောင်းပွဲကို စမ်းချောင်းမြို့နယ်ရှိ ရန်ကုန် ကချင် နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် နိုဝင်ဘာ ၂၆ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ ဆုတောင်းပွဲကို ရန်ကုန်ရောက် ကချင်လူငယ်များက ဦးဆောင် ကျင်းပခြင်းဖြစ်သည်။

ဆုတောင်းပွဲဖြစ်မြောက်ရေး စီစဉ်သူ ကိုမုန်တိုင်းက “ကချင်လူငယ်တွေ စုစည်းတာပါ။ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ၁၉ ရက်က ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ဆုတောင်းပေးတာပါ။ ကျန်ရှိတဲ့ မိသားစုဝင်တွေလည်း ငြိမ်သက်ခြင်း၊ ကျန်းမာခြင်းပေး ဖို့အတွက် ဆုတောင်းပေးတာပါ။ ”ဟုပြောသည်။

ယင်းဆုတောင်းပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း ခေါင်းစဉ်ဖြင့်ပြု လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်းရင်းသား ဗိုလ်လောင်းများ ကျဆုံးခြင်း ရက်လည်အတွက် ရည်ရွယ်၍ ပြုလုပ်သည့် ဆုတောင်းပွဲသို့ လူဦးရေ ၁၀၀ ကျော် တက်ရောက်သည်။

နိုဝင်ဘာ ၁၉ ရက်က ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)၏ ဗိုလ်သင်တောင်းကျောင်းကို ပစ်ခတ်မှုကြောင့် တိုင်းရင်းသား ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ပြီး ၂၀ ဒဏ်ရာ ရခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List