နိုဝင်ဘာ ၁၀ ရက်နေ့ကစတင်တဲ့ နှစ်ပတ်ကြာစစ်ရေးလေ့ကျင့်မှုကို ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက ကြီး ကြပ်ပေးနေတဲ့ ပုံတွေ မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာတွေမှာ ဒီနေ့ ထပ်မံ ဖော်ပြထားပါတယ်။နိုင်ငံ ပိုင်ရုပ်သံ KRT ရဲ့ သတင်းအရ ကင်ဟာ မြောက်ကိုရီးယား စစ်တပ် ယူနစ် ၅၇၂ နဲ့ ၆၃၀ တို့ကို ပူးတွဲ စစ်ရေးလေ့ကျင့်တာကို စစ်ဆေးကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။
ဘယ်ရက်မှာ စစ်ဆေးခဲ့သလဲ၊ ဘယ်နေရာမှာလဲဆိုတာကတော့ သတင်းက အသေးစိတ် ပြောမသွားပါဘူး။
မြောက်ကိုးရီးယား အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ် ခုံရုံးမှာ အစိုးရကို ရုံးတင်စစ်ဆေးနိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အဆုံးအဖြတ်ကို ရယူဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
ကုလသမဂ္ဂ တတိယ ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားက နောက်ထပ် နျူကလီးယား စမ်းသပ်မှု တခု လုပ်မယ်လို့ ခြိမ်းခြောက်မှုနဲ့ တုံ့ပြန်ခဲ့အပြီးမှာ စစ်ရေးလေ့ကျင်တာကို စစ်ဆေးနေတဲ့ ကင်မ်ရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
DVB
No comments:
Post a Comment