Thursday, November 27, 2014

လုပ်ငန်းခွင်တွင် လုပ်ပိုင်ခွင့်အာဏာရှိသောအမျိုးသမီးများ၌ စိတ်ဖိစီးမှုပိုများ



တက္ကဆက်ပြည်နယ် အော်စတင်မြို့မှ တက္ကဆက်စိတ်ပညာ တက္ကသိုလ်ရှိ သုတေသီများ၏လေ့လာတွေ့ရှိချက်အရ လုပ်ငန်းခွင်တွင် အလုပ်ခန့်ခြင်း၊ ဖြုတ်ခြင်းနှင့်လစာအတိုးအလျှော့ကဲ့သို့ အခွင့်အာဏာရှိသော အမျိုးသမီးများသည် အခွင့် အာဏာမရှိသော အမျိုးသမီးများထက် စိတ်ဖိစီးမှု ပိုများသည်ဟု သိရသည်။
၁၉၅၇ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ အမျိုးသား ၁၃ဝဝ နှင့် အမျိုး သမီး ၁၅ဝဝ ကို လေ့လာစူးစမ်းမှု ပြုလုပ်ခဲ့ကြသော အဆိုပါ သုတေသီအဖွဲ့က အမျိုးသားများ တွင် အ ခွင့်အာဏာ လုပ်ပိုင်ခွင့်ရှိသော အမျိုးသားများ သည် ယင်းသို့ အခွင့်အာဏာ မရှိသော အမျိုး သားများထက် စိတ်ဖိစီးမှုလျော့နည်းသည် ကို လည်း လေ့လာတွေ့ရှိခဲ့ကြသည်။ ထို့အပြင် အမျိုးသား နှင့်အမျိုးသမီး တို့ကို နှိုင်းယှဉ် ကြည့်ရာတွင် လည်းလုပ်ငန်းခွင် တွင် လုပ်ပိုင်ခွင့်အာ ဏာရှိသော အမျိုး သားများသည် အ လားတူ လုပ်ပိုင်ခွင့်ရှိသော အမျိုးသမီးများထက် စိတ်ဖိစီးမှုလျော့ နည်းသည်ကို လေ့လာတွေ့ရှိခဲ့ကြသည်။ တက္ကဆက် စိတ်ပညာ တက္ကသိုလ်မှ သုတေသီအဖွဲ့သည် ၁၉၉၃ ခုနှစ်တွင် ¤င်းတို့၏လေ့ လာစမ်းသပ်မှုတွင် ပါဝင်ကြသူများ၏ အလုပ်အကိုင် ရာထူးအဆင့် နှင့် စိတ်ဖိစီးမှုတို့ကို ၁၉၉၃ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ လေ့လာစောင့် ကြည့်ခဲ့ကြ သည်။ 

ပါဝင်အစမ်းသပ်ခံသူများမှာ အသက် ၅၄ နှစ်အရွယ်ပတ် ဝန်းကျင် လူကြီးပိုင်း များဖြစ်ကြပြီး ၁၉၅၇ ခုနှစ်မှ စတင်လေ့လာ တွေ့ရှိချက်များကို ရယူခဲ့ကြသည်။ သုတေသီအဖွဲ့ခေါင်းဆောင် ပူဒရို စကာက ယခုကဲ့သို့ အမျိုးသမီးများတွင် လုပ်ငန်းခွင် အတွင်း လုပ်ပိုင်ခွင့်အာဏာကြောင့် စိတ်ဖိစီးမှုကဲ့သို့ စိတ်ပိုင်းဆိုင်ရာပြဿနာ များ ရှိနေသည်ကို တွေ့ရှိရခြင်းမှာ လွန်စွာ စိတ်ဝင်စားဖွယ်ဖြစ်သည် ဟု ပြောကြားခဲ့သည်။

Medical News Daily တွင် ယခင်ဖော်ပြခဲ့ဖူးသော အန္တရာယ် များသည့် လုပ်ငန်းခွင်အတွင်း အမျိုးသမီးများသည် အမျိုးသားများ ထက် ပိုမိုကာ စိုးရိမ်ပူပန်စိတ် ရှိသည်ဟု လေ့လာတွေ့ရှိချက်နှင့်လည်း ဆက်နွှယ်နေကြောင်း၊ သုတေသီပူဒရိုစကာက လေ့လာတွေ့ရှိချက် နှစ်ခုစလုံးသည် လုပ်ငန်းခွင်၌ လုပ်ပိုင်ခွင့်ရှိသော အမျိုးသမီးများ တွင် စွဲလမ်းစိတ်ကြောင့် အပြုသဘော မဆောင်သော ဆိုးကျိုးများ မကြာခဏဖြစ်ပေါ်စေတတ်ပြီး ယင်းကဲ့သို့ အခြေအနေမျိုးကို အမျိုး သားများတွင် မတွေ့ရှိကြောင်း ပြောကြားခဲ့သည်။

Ref: MNT
Yangon Media Group

No comments:

Post a Comment

My Blog List