Thursday, November 27, 2014

အိန္ဒိယ အမျိုးသမီးကို မီးရှို့သူကို ရဲတွေ ဖမ်းဆီး



အိန္ဒိယနိုင်ငံက ဆယ်ကျော်သက် အရွယ် အမျိုးသမီးတစ်ဦးကို အမျိုးသား အုပ်စုတစ်စုက မီးနဲ့ ရှို့ခဲ့ရာက သေဆုံးပြီးနောက် ပါဝင်သူ တချို့ကို ရဲတွေက ဖမ်းဆီးထားပါတယ်။ ဆယ်ကျော်သက်အမျိုးသမီးကို အမျိုးသား အုပ်စုတစ်စုက မတော်မတရား ပြုတာကို ကလေးမက လက်မခံတဲ့အတွက် အဲဒီလူတွေက လောင်စာတွေနဲ့ လောင်းပြီး မီးရှို့ခဲ့တာ ဖြစ်ပါတယ်။
အဲဒီမိန်းကလေးငယ်ကို ဆေးရုံတင်ခဲ့ကြပေမယ့် တနင်္ဂနွေနေ့တုန်းကပဲ ဆုံးပါးသွားခဲ့ပါတယ်။

အဲဒီ ပြစ်မှုအတွက် အမျိုးသား ၆ ယောက်ကို ဖမ်းဆီးထားပြီး နှစ်ယောက်ကိုတော့ လိုက်လံ ဖမ်းဆီးနေတုန်းပဲလို့ ရဲတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်မှာရှိတဲ့ ကျေးရွာတစ်ရွာက အဲဒီ မိန်းကလေးရဲ့ အိမ်မှာ အခင်းဖြစ်ပွားခဲ့ တာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ဆေးကျောင်းသူ တစ်ဦးကို အမျိုးသား အုပ်စု တစ်စုက ဝိုင်းဝန်း မတရားပြုကျင့်မှု ဖြစ်ပေါ်ပြီးနောက် အမျိုးသမီးတွေအပေါ် အကြမ်းဖက် ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး အိန္ဒိယမှာ ပိုပြီး အာရုံစိုက် အရေးယူမှုတွေ ရှိလာပါ တယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ပိုမို ကြီးလေးတဲ့ အပြစ်တွေ ပေးလာတဲ့ကြားကပဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အများအပြား ဖြစ်ပေါ်နေဆဲပဲလို့လည်း Stephanie March က နယူးဒေလီကနေ သတင်းပေးပို့ထား ပါတယ်။

ABC

No comments:

Post a Comment

My Blog List