Tuesday, November 25, 2014

ကောလိပ်ဝင်ခွင့် စာမေးပွဲ မေးခွန်းတွင် မှားယွင်း ခဲ့သည့် အတွက် တောင်ကိုရီးယား စာမေးပွဲ စစ်ဆေးရေး အကြီး အကဲ ရာထူး မှနှုတ်ထွက်


တောင်ကိုရီးယား နိုင်ငံ၏ အဆင့်မြင့် ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် မေးခွန်း နှစ်ခု၌ မှားယွင်းမှုများ လုပ်ဆောင်ခဲ့မှုနှင့် ပတ်သက်၍ နိုဝင် ဘာ၂၄ ရက်တွင် ပညာရေးဝန်ကြီးက တောင်းပန်ခဲ့ပြီး အမျိုးသား စာမေးပွဲ စစ်ဆေးရေး ဘုတ်အဖွဲ့ အကြီးအကဲမှာ ရာထူးမှနုတ်ထွက်ခဲ့သည်။ 

"ကျွန်တော့်အနေနဲ့ ဒီကိစ္စရပ်အပါ် အလွန်စိတ်မကောင်း ဖြစ်ရပါတယ်။ မေးခွန်းတွေ ပိုမိုစနစ်ကျဖို့ လိုအပ်
နေပါတယ်။ ဒီပြဿနာ ဖြစ်ပွား ရတဲ့ အဓိက အကြောင်းရင်းကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးသွားမှာပါ"ဟု ပညာရေးဝန်ကြီး ဟောင်ဝူယာက ရုပ်မြင်သံကြား ကြေညာချက်တွင် ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်းရှိ ကျောင်းသားကျောင်းသူ ၆၅၀၀၀၀ သည် နိုဝင်ဘာ ၁၆ ရက်က စာမေးပွဲကို ဖြေဆို ခဲ့ကြ ရပြီး စာမေးပွဲ အောင်မြင်ပါက တောင်ကိုရီးယားနိုင်ငံ ၏ အဆင့်မြင့် တက္ကသိုက် တစ်ခုခုတွင် တက်ရောက် ခွင့်ရမည်ဖြစ်သည်။

မေးခွန်းများတွင် မှားယွင်းမှုများ ရှိကြောင်းကို အာဏာပိုင်များက လက်ခံခဲ့ကြ ကြောင်းကို နိုဝင်ဘာ ၂၄ ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထား ပြီး အဖြေမှန် ရွေးချယ်ရာတွင် ဖြစ်နိုင်ခြေ ရှိသော အဖြေနှစ်ခုကို လက်ခံပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါဆုံးဖြတ်ချက် အရကျောင်း သား ကျောင်းသူ ၄၀၀၀ သည် ကျောင်းဝင်ခွင့် ရရှိမည်ဟု ခန့်မှန်း ရကြောင်း တောင်ကိုရီးယား မီဒီယာ တစ်ခုက ပြောကြားသည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List