Friday, November 28, 2014

၆ ပွင့်ဆိုင် ဆွေးနွေးရေးဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် ဖြစ်တယ်လို့ နားလည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြု ခဲ့တဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးရေးဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေး အကြောင်း ဆွေးနွေ့းဖို့ ဖြစ်တယ်လို့ သူ့အနေနဲ့ နားလည်ကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအရ တော့ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးမှာ တပ်မတော်သား ၂၅ % ထဲကလည်း သဘောတူမှရမှာ ဖြစ်တဲ့အတွက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရဲ့ သဘောထားက အရေးကြီးတယ် ဆိုတဲ့ အခြေအနေဟာလည်း အခြေအနေမှန် ဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။

ပုဒ်မ ၄၃၆ အပြင် သမ္မတ ဆိုင်ရာ အရည်အချင်း သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံ ပါ ၅၉ (စ) ကို တပ်မတော် အနေနဲ့ မပြင်ဆင် လိုတဲ့ သဘောထားနဲ့ ပတ်သက်ပြီး တပ်မတော် ဘက်က စိုးရိမ်နေတဲ့ အချက်တွေ အပေါ် ဆွေးနွေး သွားလိုကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေ နဲ့ ပတ်သက်လို့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ရသွားနိုင်မယ် ဆိုရင် အကောင်းဆုံး ဖြစ်ပေမယ့်၊ အဲဒီ့လောက် စိတ်ကူးယဉ်လို့ မရ နိုင်သေးဘူး ဆိုပြီး လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် ဒေါ်အောင်ဆန်းစုကြည် က သုံးသပ် ခဲ့ပါတယ်။

BBC Burmese

No comments:

Post a Comment

My Blog List