Wednesday, November 26, 2014

အာတိတ်စစ်ဌာနချုပ်အသစ် ဖွဲ့စည်းလိုက်ကြောင်း ရုရှားကြေညာ


ရုရှားသမ္မတ ဗလာဒီမာပူတင်က မဟာဗျူဟာမြောက် စစ်ဌာနချုပ် အသစ် တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း၊ အာတိတ်ဒေသစစ်ဆင်ရေးအားလုံး နှင့်အသစ်ဖြစ်ထွန်းမှုများကိုလည်း ခြုံငုံမိနိုင်ကြောင်း၊ ဤစစ်ဌာနချုပ် သည် ဒီဇင်ဘာ ၁ ရက်တွင် စတင်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကရင်မလင် နန်းတော်၏ ကြေညာချက်၌ဖော်ပြခဲ့သည်ကို ဆင်ဟွာကရေးသားလိုက်သည်။

ပူတင်က ဤသတင်းအား ရုရှားထိပ်တန်းစစ်ဘက်အရာရှိများနှင့် အစည်းအဝေးပြုလုပ်စဉ် ကြေညာ ခဲ့ခြင်းဖြစ်သည်။ဒီဇင်ဘာ ၁ ရက်တွင်စမည့် မဟာဗျူဟာစစ်ဌာနချုပ်အသစ်သည် အာတိတ်ဇုန်နယ်မြေ အတွင်း စစ်ဆင်ရေးများစတင်မည်ဖြစ်ပြီး မြောက်ပိုင်း ရေတပ်အခြေစိုက် စခန်းဖြစ်သည်ဟု ပူတင်က ဆိုသည်။

ဤစစ်ဌာနချုပ်သည် အာတိတ်ဒေသရှိ အားလုံးသောရုရှားစစ်တပ်များကို ဦးစီးကွပ်ကဲသွားမည်။ ထိုဒေသရှိ စစ်တပ်ဖွဲ့စည်းမှုကိုလည်း အင်အား တောင့်တင်းစေမည်ဟု ကရင်မလင်၏ သတင်းထုတ်ပြန် ချက်က ဆိုသည်။ 

၂ဝ၁၃ ခုနှစ်၌ ပူတင်က ဘယ်တော့မှလက်နက်မချဟုသန္နိဋ္ဌာန်ချခဲ့ကာ ရုရှားအာတိတ်နယ်မြေရှိ ရုရှား အကျိုးစီးပွားများကို ကာကွယ်သွားရန် ကာကွယ် ရေးဝန်ကြီးအား လိုအပ်သည်များလုပ်ဆောင်ရန် အမိန့်ပေး ခဲ့သည်ဟုဆိုသည်။

သဘာဝအရင်းအမြစ်ဝန်ကြီး ဆာဂျီဒန်စကွီက အောက်တိုဘာလ၌ ပြော ကြားခဲ့သည်မှာ ရုရှားက ကုလ သမဂ္ဂ၌ ၄င်း၏နယ်မြေကို ၁ ဒသမ ၂ စတုရန်း ကီလိုမီတာသန်းအထိ တိုးချဲ့သွားရန် တင်ပြသွားမည်ဟု ဆိုသည်။

Ref : Xinhua
Yangon Media Group

No comments:

Post a Comment

My Blog List