လိပ်ကျွန်း လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံနေ ရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ အာမခံအတွက် ကုန်ကျမည့် ငွေကြေးများကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ ကူညီပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာ သံရုံးအထူးစုံစမ်းရေးအဖွဲ့မှ သိရသည်။
ထို့အပြင် မြန်မာလုပ်သားနှစ် ဦးအတွက် အာမခံရရှိရေးကိုလည်း ယခုရက်သတ္တပတ်အတွင်း ပြီးပြတ် ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှသိရသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ထိုင်း လွှတ်တော်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက် အရ နိုဝင်ဘာ ၂၃ရက် ညပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့ရောက် ရှိခဲ့ခြင်းဖြစ်ပြီး မြန်မာသံရုံး အထူး စုံစမ်းရေးအဖွဲ့နှင့် သီးသန့်တွေ့ဆုံ မှုများလည်း ပြုလုပ်ခဲ့သည်။
ထို့ပြင်မြန်မာကိုယ်စားလှယ် အဖွဲ့မှာ ထိုင်းလူအခွင့်အရေးကော် မရှင် အကြီးတန်းအကြံပေး၊ ထိုင်း ဝန်ကြီးချုပ်အပါအဝင် ထိုင်းလွှတ် တော်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့ကြောင်း မြန်မာသံရုံးအ ထူးစုံစမ်းရေးအဖွဲ့ဝင် ဦးထူးချစ်က ပြောသည်။
''သံရုံးက ကိုယ်စားလှယ်အဖွဲ့ နဲ့ ရောက်ရောက်ခြင်း အရင်ဆွေး နွေးပြီးတော့ ဒီနေ့ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ ထိုင်းလူ့အခွင့်အရေး ကော်မရှင်၊ ထိုင်းဝန်ကြီးချုပ်ရယ် လွှတ်တော်အမတ်တွေနဲ့ တွေ့ပြီး လိပ်ကျွန်း လူသတ်မှုကြောင့် စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ် သမားနှစ်ဦးကိစ္စကို ဥပဒေအတိုင်း ဖြစ်အောင် ဆောင်ရွက်ပေးဖို့နဲ့ မြန်မာပြည်သူများနဲ့ မြန်မာအစိုးရ အနေနဲ့လဲ ဒီအမှုကို အလွန်စိတ်ဝင် စားပြီး စိုးရိမ်ပူပန်နေကြောင်း မြန် မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေး ရေ ရှည်တည်တံ့အောင် ဆောင်ရွက်ကြ ရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးပြောကြားခဲ့ပါတယ်''ဟု ထိုင်းဝန်ကြီးချုပ်နှင့် ထိုင်းလွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နှင့်အဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့သည် များကို ပြန်လည်ပြောပြသည်။
ထို့အပြင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ ကော့စမွေ အကျဉ်းထောင်တွင် ဖမ်းဆီးခံထား ရသည့် မြန်မာနှစ်ဦးနှင့်လည်း ယခု ရက်ပိုင်းအတွင်း တွေ့ဆုံသွားရန်ရှိ ကြောင်း၊ သံရုံးအထူးစုံစမ်းရေးအဖွဲ့ အတွက် လိုအပ်သည့်ကိစ္စအဝဝကို အတတ်နိုင်ဆုံး ကူညီပေးသွားမည် ဟုလည်း ပြောကြားခဲ့ကြောင်း ဦးထူး ချစ်က ပြောသည်။
အမျိုးသားလွှတ်တော်မှတစ် ဆင့် ရခိုင်လူမှုကွန်ရက်သို့ ပေးအပ် လှူဒါန်းသည့် မြန်မာငွေကျပ် သိန်း ၃ဝဝအနက်မှလည်း သံရုံးအထူးစုံ စမ်းရေးကော်မတီ လုပ်ငန်းများဆောင် ရွက်ရာတွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ တစ်သောင်းခွဲ ကို ပေးအပ်လှူဒါန်းခဲ့ပြီး ကျန်ရှိနေ သည့် ငွေကြေးများကိုလည်း အထူး စုံစမ်းရေးကော်မတီသို့ လွှဲပြောင်းပေး ရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ညွှန်ကြားခဲ့ ကြောင်း သိရသည်။
လိပ်ကျွန်းလူသတ်မှုနှင့် ပတ် သက်ပြီး ဖမ်းဆီးခံထားရသည့် မြန် မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့ကို ကော့စမွေခရိုင်တရားရုံး ၌ ငါးကြိမ်မြောက် ချုပ်ရက်ရမန်ချ မှတ်ရာ၌ တရားရုံးမှအာမခံထားရှိ နိုင်ကြောင်း နိုဝင်ဘာ၂ဝရက် ရုံးချိန်း တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
အာမခံထားရှိရာတွင်လည်း ထိုင်းနိုင်ငံ၌ လက်ရှိပြဋ္ဌာန်းထားသည့် ထိုင်းဥပဒေပါအတိုင်း လူတစ်ဦးလျှင် အနည်းဆုံး ထိုင်းဘတ်ငွေ ငါးသိန်း ဖြင့် အာမခံထားရှိရမည်ဖြစ်ကြောင်း၊ အဆိုပါအာမခံကို ယခုတစ်ပတ် အတွင်းရရှိရန် ပြုလုပ်သွားမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းမောင်က ဆို ထားပြီး အာမခံအတွက် ကုန်ကျငွေ များကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ ကူညီပေးသွား မည်ဖြစ်သည်။
မြန်မာသံရုံးအထူးစုံစမ်းရေး အဖွဲ့နှင့် လာရောက်တွေ့ဆုံသည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အ မျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့် ခေါင်းဆောင်ကာ လာ ရောက်ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့တွင် ဥပဒေပညာရှင်များ၊ မှုခင်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ်များ ပါဝင်ခဲ့ ကာတွေ့ဆုံမှု၌ အထူးစုံစမ်းရေး ကော်မတီ၏ ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများ၊ တွေ့ကြုံနေရသည့်အ ခက်အခဲများ၊ ရှေ့ဆက်လုပ်ဆောင် မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ ကြကြောင်း မြန်မာသံရုံးအထူးစုံစမ်း ရေးအဖွဲ့မှ သိရသည်။
၂ဝ၁၄ခုနှစ် စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါအမှုကြောင့် မြန်မာနိုင်ငံသားနှစ်ဦး စွပ်စွဲဖမ်းဆီး ခံရကာ ကော့စမွေ အကျဉ်းထောင်၌ ချုပ်နှောင်ခံထားရသည်မှာ ယခုအ ချိန်တွင် ရက်ပေါင်း ၅ဝကျော်ခန့် ရှိပြီဖြစ်သည်။
ZCH
#Democracytoday
Yangon Media Group
No comments:
Post a Comment