Thursday, November 27, 2014

မင်းသား Harry အတွက် အကောင်းဆုံးခရစ်စမတ်လက်ဆောင် ပေးဖို့ရှိနေတဲ့ Kate Middleton



တော်ဝင်မိသားစုရဲ့ သတင်းတစ်ပုဒ်ကို Daily Mail က အချိန်နဲ့တပြေးညီကို ဖော်ပြထားတာ တွေ့ရပါတယ်။ အဲ့ဒါကတော့ Kate Middleton ဟာ သူ့ရဲ့မတ်တော်စပ်သူ မင်းသား Harry ကို ခရစ်စမတ်လက်ဆောင် ခွေးလေးတစ်ကောင် ပေးဖို့ စီစဉ်နေတယ်ဆိုတာပါပဲ။ 



တခြားခွေးလေးတွေနဲ့ မတူတဲ့ အ၀ါရောင် Drakeshead ခွေးအမျိုးအစားကို ရွေးချယ်ပြီး လက်ဆောင်ပေးသွားမယ်လို့ သတင်းထွက်လာတာကြောင့် သူများတွေ မစဉ်းစားမိတဲ့ အိုင်ဒီယာကို Kate Middleton စဉ်းစားထားမိပုံ ရပါတယ်။

ခိုင်မာတဲ့ သတင်းအရင်းအမြစ်တစ်ခုရဲ့ ပြောကြားချက်အရတော့ "Harry ဟာ Lupo ဆိုတဲ့ ခွေးလေးကို ဘယ်လောက်ချစ် တယ်ဆိုတာ Kate ကသိတယ်။ 

ဘယ်နေရာသွားသွား သူက ခေါ်သွားတတ်တယ်ဆိုတော့ သူ့မှာသာ ကိုယ်ပိုင် ခွေးလေးတစ်ကောင်ရှိမယ်ဆိုရင် သူဘယ်


လောက်ပျော်မလဲဆိုတာ စဉ်းစား စရာတောင်မလိုပါဘူး။ 

ဒါ့အပြင် တကယ်လို့ Harry ကသာ တော်ဝင်မိသားစုရဲ့ တာဝန်တွေ ထမ်းဆောင်ဖို့အတွက် နိုင်ငံခြားကို သွားရမယ်ဆိုရင် လည်း သူမက အဲ့ဒီခွေးလေးကို စောင့်ရှောက်ပေးထားဦး မှာပါ"လို့ သိရပါတယ်။

Trend Myanmar

No comments:

Post a Comment

My Blog List