Friday, November 28, 2014

ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဒီဇင်ဘာ၂၇ရက်တွင် ကျင်းပမည်


၂ဝ၁၃ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေး အပ်ပွဲကြီးအား ဒီဇင်ဘာ ၂၇ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Event Park တွင် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။ ''MEP မှာလုပ်ဖို့က သေချာသ လောက်ပါပဲ။ အဲဒီနေရာမှာလုပ်ရခြင်း ရဲ့ အဓိကရည်ရွယ်ချက်က အနုပညာ ရှင်တွေကို ယခင်နှစ်တွေက ထက် ပို ပြီးတော့ဖိတ်ချင်တဲ့အတွက် MEP ကို ရွေးလိုက်ရတာပါ'' ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း က ပြောသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အား ယခုနှစ်မှစတင်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှသာ အစစအ ရာရာ တာဝန်ယူဆောင်ရွက်တော့ မည်ဖြစ်သည်။

''ဒီနှစ်က ပထမဦးဆုံးအကြိမ် အဖြစ် အနုပညာရှင်တွေကလုပ် ဆောင်တာဖြစ်တဲ့ အတွက် အားနည်း ချက်အားသာချက်ကတော့ ရှိနေမှာ ပဲလေ။ ဒါကို တစ်ယောက်တစ်မျိုး အပြစ်တင်နေမယ့်အစား ဝိုင်းကူညီ ပေးကြဖို့လိုအပ်ပါ တယ်''ဟု အကယ်ဒမီပြေတီဦးက ပြောသည်။

အဆိုပါ ၂ဝ၁၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင်အသုံးပြုမည့် တေး သီချင်းအသစ် အသုံးပြုရန်အတွက် လည်း တေးရေးမြင့်မိုးအောင်မှ တာဝန် ယူရေးသားပေးနေကြောင်း သိရသည်။

အကယ်ဒမီပေးပွဲတွင် ပေးအပ် ရန်အတွက် အကယ်ဒမီဆု ၁၁ဆု အား လျာထားသော်လည်း ယခုအချိန် တွင် ဆုအမည်စာရင်းများအား ထုတ်ပြန်ကြေညာမည်မဟုတ်ကြောင်း သိရသည်။

၂ဝ၁၃ခုနှစ်အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆု ပေးအပ်ပွဲတွင် ပေးအပ် မည့်ဆုတံဆိပ်များအား ဆန်ခါတင် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ် ကား ခြောက်ကားမှာ 

ဒါရိုက်တာပန်းချီ စိုးမိုး ရိုက်ကူးပုံဖော်ထားသည် ''ကြယ် စင်မော်ကွန်း''၊ 

ဒါရိုက်တာဝိုင်းရိုက် ကူးပုံဖော်ထားသည့် ''နင်စေရင်''၊ ''စေ တန်ရဲ့ကချေသည်''၊ 

ဒါရိုက်တာကို ဇော်(အရုဏ်ဦး) ရိုက်ကူးပုံဖော်ထားသည့် ''အဖြူရောင်ရဲတိုက်''၊ ''ကိုယ့် အထာနဲ့ကိုယ်''၊ 

ဒါရိုက်တာ ဝင်းထွန်း ထွန်း၏ ''စုန်းပြူး'' ရုပ်ရှင်ဇာတ်ကား တို့ထဲမှ ရွေးချယ်သွားမည်ဖြစ်သည်။

NN
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List