Tuesday, November 25, 2014

သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများ သုံးသပ်ရန် လွှတ်တော်တင်မည်


သံလွင်မြစ်ကြောင်း တစ်လျှောက်တွင် ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်ရန် စီစဉ်ထားမှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ရန် အဆိုကို လာမည့် ဇန်နဝါရီလ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြမည်ဟု ကရင်ပြည်နယ် ဘားအံမြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် နန်းဆေးဝါးက မဇ္ဈိမကို ပြောသည်။

သံလွင်မြစ်သည် မြန်မာနိုင်ငံအတွင်း ဖြတ်သန်းစီးဆင်းရာတွင် ရှမ်း၊ ကယား၊ ကရင်၊ မွန် စသည့် တိုင်း ရင်းသားများ နေထိုင်ရာ နယ်မြေများကို ဖြတ်သန်းသွားသည်ဖြစ်ရာ ရေအား လျှပ်စစ်စီမံကိန်းများကြောင့် လူ့အခွင့်အရေး ဆုံးရှုံးမှုများဖြစ်ပေါ်နေခြင်း၊ ရရှိလာသည့် အကျိုးအမြတ်သည် မြန်မာနိုင်ငံထက် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ အတွက်သာ အကျိုးစီးပွား ဖြစ်ထွန်းနိုင်ခြင်းတို့ကြောင့် ယင်းစီမံကိန်းများကို ပြန်လည်သုံးသပ်ရန် အဆိုတင်သွင်းခြင်း ဖြစ်သည်ဟု ၎င်းက နိုဝင်ဘာ ၂၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

နန်းဆေးဝါးက “ဒီမိုကရေစီ ကျင့်စဉ်၊ ပြည်သူ့အသံ တကယ်အလေးထားတယ် ဆိုရင် ပြန်လည်သုံးသပ် သင့်တယ်။ အခုက ကတိက၀တ်ပဲ ရှိနေသေးတယ်။ ဆည်တစ်ခုတည်ဆောက်တိုင်း ဆည်ကြောင့် ဆုံးရှုံးမှုခံစားရတာ မြန်မာရရှိတဲ့ အကျိုးက အခြားနိုင်ငံအတွက် ပိုများနေရင် မဖြစ်မနေ လေ့လာသင့်တယ်” ဟု ဆိုသည်။

သံလွင်မြစ်ပေါ်တွင် ရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်ရန် အဆိုပြုထားသည့် စီမံကိန်းများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာ အထက်ပိုင်းတွင် မဂ္ဂါဝပ် ၁,၄၀၀ ရှိ ကွမ်းလုံရေ ကာတာ၊ လားရှိုးမြို့ အရှေ့ဘက်တန့်ယန်းမြို့နယ် တာဆန်းလျှံကျေးရွာ အနီးတွင် မဂ္ဂါဝပ် ၁,၀၀၀ ရှိ နောင် ဖာရေကာတာ၊ ရှမ်း ပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့ မိုင်းမောမြို့နယ် မန်းတောင်ရွာအနားရှိ လျှပ်စစ် မဂ်္ဂါဝပ် ၂၀၀ ထုတ်လုပ်မည့် မန်တောင်ရေကာတာ၊ တောင်ကြီးမြို့ အရှေ့ဘက် မိုင်းပန်မြို့နယ်နှင့် မိုင်းတုံ မြို့နယ်အကြား မဂ္ဂါဝပ် ၇,၁၁၀ ထုတ်မည့် တာဆန်းခေါ် မိုင်းတုံရေကာတာ၊ ကယားပြည်နယ် ဘော်လခဲမြို့နယ် အရှေ့ဘက် ရွာသစ်ကျေးရွာအနီး မဂ္ဂါဝပ် ၄,၅၀၀ ထုတ်မည့် ရွာသစ် ရေကာတာ၊ ကရင် ပြည်နယ် လှိုင်းဘွဲ့မြို့ သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံ အောက်ဘက် ၂၉ မိုင်အကွာ မဂ္ဂါဝပ် ၁,၃၆၀ ရှိ ဟတ်ကြီးရေကာတာတို့ ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List