Thursday, November 27, 2014

နိုင်ငံတော် သံဃနာယက အပါအ၀င် သံဃာ့ အဖွဲ့ အစည်း အဆင့်ဆင့်အား ခေတ် နှင့် အညီ ပြန်ရွေးချယ်နိုင်ရေး သံဃာထု ၏ ဆန္ဒပြု လက်မှတ်များ ကောက်ယူနေ



ထေရဝါဒမူများနှင့်အညီ နိုင်ငံ တော်သံဃနာယက အဆင့်ဆင့်မှစပြီး သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အား ခေတ်နှင့်အညီ ပြန်လည်ရွေးချယ်ပွဲများ အမြန်ဆုံး ကျင်းပနိုင်ရေးအတွက် သံဃာထု၏ ဆန္ဒပြုလက်မှတ်များ ကောက်ယူ လျက်ရှိကြောင်း အထက်မြန်မာပြည် ရွှေ ဝါရောင်ကွန်ရက်မှ သိရသည်။ 
အထက်မြန်မာပြည် ရွှေဝါရောင် ကွန်ရက်မှ ဆရာတော်ဦးစိန္တိတက''သံဃမဟာနာယကအဖွဲ့ကို သံဃာထုဆန္ဒနဲ့ ရွေးချယ် တင်မြှောက်ဖို့ ပြုပြင်ပြောင်းလဲ စရာရှိတာတွေ ပြောင်းလဲပေးဖို့အတွက် တောင်းဆိုတာလေ။ လက်မှတ်ကောက် တာကိုတော့ တပို့တွဲလောက်အထိ မှန်း ထားတယ်။ အခုကတော့ နယ်တွေဘက် မှာ စကောက်နေပြီ။ ပြီးရင် လွှတ်တော်၊ သမ္မတနဲ့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကို တင်ပြမယ်။ ဒါက ပထမခြေလှမ်း ပေါ့။ ဒီလိုတောင်းဆိုလို့ မပေးရင်လဲ နောက်တစ်လှမ်း ထပ်တိုးတောင်းဆိုသွား ဖို့ရှိတယ်''ဟု မိန့်ကြားသည်။ 

သံဃာ့အဖွဲ့အစည်း အခြေခံစည်း မျဉ်းများကအစ သံဃာ့အဖွဲ့အစည်း အ ဆင့်ဆင့်အား ပြန်လည် အကောင်အ ထည်ဖော် ရေးဆွဲခြင်း၊ ဖွဲ့စည်းခြင်းလုပ် ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် တစ် နိုင်ငံလုံးရှိ ဆရာတော်များ၏ သဘော တူညီချက်များ၊ လက်မှတ်များ ကောက် ခံကာ လွှတ်တော် ၊ နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော်သံဃမဟာနာယက အ ဖွဲ့များထံ တင်ပြသွားမည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော်များမှ မိန့်သည်။

သံဃာထု လက်မှတ်ကောက်ခံခြင်း ကို ယခုလအတွင်း ရန်ကုန်နှင့် မန္တလေး အပါအဝင် အခြားမြို့နယ်များတွင်ပါ ကောက်ခံသွားမည်ဖြစ်ပြီး ယင်းသို့လက် မှတ် ကောက်ခံခြင်းကို အထက်မြန်မာ ပြည်နှင့် အောက်ဗမာပြည် ရွှေဝါရောင် ကွန်ရက်အဖွဲ့များမှ ပေါင်းစည်းဆောင် ရွက်ခြင်းဖြစ်သည်။

အမျိုးဘာသာသာ သနာစောင့် 
ရှောက်ရေးအဖွဲ့(ဗဟို) ဦးဆောင်ဆရာ တော် ဦးဝီရသူက ''ပြုပြင်ပြောင်းလဲမှု ကိုတော့ သံဃာတိုင်းက လိုလားကြတာ ပဲ။ ဦးဇင်းတို့အနေနဲ့လဲ မဟာယနအဖွဲ့ အစည်း သံဃာထုဆန္ဒနဲ့အညီ ဖွဲ့စည်း နိုင်ဖို့အတွက် မဟာယနကို စာတင်ပြီး လျှောက်တင်မှုတွေ ပြုလုပ်ခဲ့ကြတာပဲ။ 

အခုလို ရွှေဝါရောင်သံဃာတွေက လုပ် တယ်ဆိုတော့ ဦးဇင်းတို့နဲ့ နည်းပညာ အရသာ ကွဲလွဲပေမယ့် ဗဟာဗျူဟာကို တော့ ထောက်ခံတယ်။ သဘောတူတယ်'' ဟု မိန့်ကြားသည်။

အမျိုးဘာသာသာ သနာစောင့် ရှောက်ရေးအဖွဲ့(ဗဟို) ဦးဆောင်ဆရာ တော် ဦးပါမောက္ခက ''ဘုန်းကြီးကတော့ မဟနအဖွဲ့ကို သံဃာထုဆန္ဒနဲ့အညီ ရွေး ချယ်တာ နှစ်သက်တယ်။ ကျေနပ်တယ်။ ရွှေဝါရောင်ကပဲလုပ်လုပ် ဘယ်ကပဲလုပ် လုပ်၊ ဒါက ဖြစ်သင့်တာကြာပြီမို့ ထောက် ခံပါတယ်။ ရွေးချယ်ခံထားရတဲ့ အဖွဲ့အ စည်းဟာလဲ သံဃာထုအတွက် အလုပ် လုပ်ဖို့ လိုအပ်တယ်''ဟု မိန့်သည်။
ထို့ပြင် ထေရဝါဒမူနှင့်အညီ နိုင်ငံ တော်သံဃနာယက အဆင့်ဆင့်မှစ၍ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ခေတ် နှင့်အညီ ပြန်လည်ရွေးချယ်ပွဲများ အမြန် ဆုံး ကျင်းပဖွဲ့စည်းနိုင်ရေး အပါအဝင် အချက်ငါးချက်ပါ တောင်းဆိုချက်များ ကို တောင်းဆိုသွားမည်ဖြစ်ကြောင်း အ ထက်မြန်မာပြည် ရွှေဝါရောင်ကွန်ရက် မှ ဆရာတော်ဦးစိန္တိတက မိန့်သည်။

သံဃာထုလက်မှတ်ကောက်ခံရေး အတွက် နိုဝင်ဘာ ၁၈ ရက်တွင် ရန်ကုန်၊ မန္တလေးရှိ ဆရာတော် အပါး ၅ဝ ခန့် သည် မန္တလေးမြို့ရှိ ကံတက်ကုန်းကျောင်း တိုက်တွင် အစည်းအဝေးပြုလုပ် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။ ယင်းသို့တောင်းဆိုခြင်း သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး (၇)နှစ်ပြည့် အခမ်းအနား တွင် ထုတ်ပြန်ခဲ့သော အချက်ငါးချက် အား ငြိမ်းချမ်းစွာအကောင်အထည်ဖော် ခြင်းဖြစ်ကြောင်း ဦးဆောင်ဆရာတော် များထံမှ သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List