Tuesday, November 25, 2014

လူမျိုးတုံး သတ်ဖြတ် မှုဖြင့် ခမာနီ ခေါင်းဆောင်ဟောင်းများအား ရုံးတင် စစ်ဆေးမှု ဇန်န၀ါရီလ သို့ရွှေ့ဆိုင်း


ကမ္ဘောဒီးယား နိုင်ငံကို သေနတ်မိုးကာ ရက်စက်စွာ အုပ်ချုပ်ခဲ့သည့် ခမာနီ ခေါင်းဆောင်ဟောင်း နှစ်ဦးအား လူမျိုးတုံး သတ်ဖြတ်မှု အတွက် တရားခွင် စစ်ဆေးမှုကို ကမ္ဘောဒီးယား၏ ကုလသမဂ္ဂ ကျောထောက် နောက်ခံ တရားရုံးက ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလသို့ ရွှေ့ဆိုင်း လိုက်ကြောင်း နို ၀င်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။ 

အသက် ၈၈ နှစ်အရွယ်ရှိ Brother Number 2ဟု အမည်ပေးထားသော နျူအွန်ချိနှင့် အသက် ၈၃ နှစ် အရွယ်ရှိ ကမ္ဘောဒီးယား နိုင်ငံတော်အကြီး အကဲဟောင်း ခီယူဆမ်ဖန် တို့အား လူသားချင်း စာနာမှု ချိုးဖောက်သော ပြစ်မှု များဖြင့် သြဂုတ်လက ထောင်ဒဏ် တစ်သက်ချ မှတ်ခဲ့သည်။

၎င်းတို့ နှစ်ဦးသည် ၁၉၇၅ ခုနှစ်မှ ၁၉၇၉ခုနှစ်အထိ ကမ္ဘောဒီးယား နိုင်ငံသား နှစ်သန်း အထိ သတ်ဖြတ် ခံရ မှုတွင် တာဝန်ရှိသော ခမာနီ အစိုးရ အဖွဲ့မှထောင် ဒဏ်ကျခံ ရမည့် ပထမဆုံး ထိပ်တန်း ပုဂ္ဂိုလ်များ ဖြစ်ပြီး စွဲဆို ထားသော ပြစ်မှုများ အတွက်လည်း ၎င်းတို့နှစ် ဦးစလုံးက အယူခံ ၀င်ထားသည်။

ဇူလိုင်က စတင်ခဲ့သည့် ဒုတိယမြောက် တရားခွင် စစ်ဆေးမှုတွင် ၎င်းတို့သည် လူမျိုးစု ချမ်မွတ်စလင်များနှင့် ဗီယက်နမ် လူမျိုးများအား သတ်ဖြတ်မှုများအပြင် လူသားချင်း စာနာမှုကို ကျူးလွန်သော ပြစ်မှုများ၊ စစ်ရာ ဇ၀တ်မှုများအတွက် တရားစွဲဆို မှုများနှင့် ရင်ဆိုင် ခဲ့ရသည်။ သို့သော် တရားခံ များ၏ ရှေ့နေများက သပိတ်မှောက်မှုကြောင့် တရားခွင် စစ်ဆေးမှုမှာ အောက်တိုဘာလ အလယ် ကတည်းက နှောင့်နှေး ခဲ့သည်။

အဆိုပါ ရှေ့နေများက တရားခွင် တရား သူကြီးများ အရည် အချင်း မပြည့်မီ၊ စည်းကမ်းနှင့် မညီဟု ဆိုကာ အယူခံအတွက် နောက်ထပ် အချိန်ပေးရန် တောင်း ဆိုခဲ့သည်။ တရားခွင် ပြန်စရန် ခီယူဆမ် ဖန်၏ တရားခံ ရှေ့နေအဖွဲ့ကို တရားရုံးက နိုဝင်ဘာ ၂၁ ရက်တွင် အမိန့် ပေးခဲ့သည်။

သို့သော် ရှေ့နေ အဖွဲ့က နိုဝင်ဘာ ၂၄ ရက်ကထိ ကြားနာ မှုကို တက်ရောက်ရန် ငြင်းဆို ပြီးနောက် တရားရုံး အနေဖြင့် အမှုကို ရွှေ့ဆိုင်းရန်မှ အပ သင့်လျော် သည့် ရွေးချယ်စရာ မရှိတော့ကြောင်း တရားခွင် တရား သူကြီး အဖွဲ့ ဥက္ကဋ္ဌ နီလ်နွန်းက ပြောကြား ခဲ့သည်။

နျူအွန်ချိနှင့် ခီယူဆမ် ဖန်တို့သည်  အသက်အရွယ် မှာလည်း ကြီးရင့် နေပြီ ဖြစ်သဖြင့် စီရင်ချက် လျင်မြန်စွာ ချနိုင်ရန် ၂၀၁၁ ခုနှစ်က စ၍ ပိုမိုသေး ငယ်သည့် တရားခွင် များဖြင့် ခွဲ၍ စစ်ဆေး ခဲ့သည်။ နံပါတ်တစ် ခမာနီခေါင်း ဆောင်ပိုလ်ပေါ့မှာ ၁၉၉၈ ခုနှစ်က ကွယ်လွန် ခဲ့ပြီး တရား ရင်မဆိုင် ခဲ့ရပေ။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List