Tuesday, November 25, 2014

ကင်မရွှန်ဟိုက်လန်းတွင်အမှန်တကယ်လိုအပ်သောလုပ်သားများကို ပါမစ်ပေးမည်


မလေးရှားနိုင်ငံ ကင်မရွန်းဟိုက်လန်းဒေသရှိ တရားမဝင် နေထိုင်သူ အလုပ်သမားများထဲမှ စိုက်ပျိုးရေး လုပ်ငန်းအတွက် အမှန်တကယ် လိုအပ်သော လုပ်သားများကို ပါမစ်ပေးမည့်အကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ 

ယခုရက်သတ္တပတ်အတွင်း ရက်ဆက် ပြုလုပ်နေသော တရားမဝင် အလုပ်သမားပပြောက်ရေးစီမံချက် အတွင်း ကင်မရွှန်ဟိုက်လန်းဒေသ ၏ စိုက်ပျိုးရေး လုပ်ငန်းများ မထိခိုက်စေရန်အတွက် အလုပ်ရှင်မှ ထောက်ခံသော တရားမဝင် လုပ်သားများကို ၂ လအတွင်းအပြီးပါမစ်ထုတ်ပေးသွားရန် စီစဉ်မည်ဖြစ် ကြောင်း ဖော်ပြထားခဲ့သည် ။

လူ့အရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအဖွဲ့မှ စိုက်ပျိုးရေး လုပ်ငန်းများအား ကွင်း ဆင်းလေ့လာကာပိုင်ရှင် တောင်ယာသမားများနှင့် တွေ့ဆုံးပြီး ဝန်ကြီး Datuk Seri G. Palanivel မှပြောကြားခဲ့သည်။

ထို့အတွက် ပြည်ထဲရေးဝန်ကြီး Tan Sri Muhyiddin Yassin မှ လိုအပ်ရင် ပါမစ်ကအစ အလုပ်လုပ်နိုင်တဲ့ အထောက်အထားကိုထုတ်ပေးမည်ဟု အတည်ပြုပြောကြားသွားခဲ့သည် ။

ထို့အတွက် တရားမဝင်ဖြစ်နေသော ကင်မရွန်ဟိုက်လန်းရောက် မြန်မာနိုင်ငံသား အလုပ်သမားများသည် လည်း မိမိတို့ လုပ်ငန်းရှင်များ၏ ထောက်ခံချက်ရပါက ပါမစ်လျှောက်ထားနိုင်ပြီး ၂ လအတွင်းပြုလုပ်ပေး မည့် အထူးအစီအစဉ်ဖြင့်ပါမစ်ရရနိုင်မည်ဖြစ်သည်။

ထို့အတူ စိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့တရားမဝင်ဖြစ်နေ သော လုပ်သားများ၊ စိုက်ခင်း များကို ယခုအခွင့်အရေးအတွင်း မှတ်ပုံတင်ကာ တရားဝင်အဖြစ်ပြောင်းလဲသွားရန် ကြော်ငြာအသိပေးထား ပြီးဖြစ်ကြောင်း နှင့်လိုအပ်ပါက တရားဝင်လုပ်ကိုင်ခွင့် ယာယီလိုင်စင်များကို ထုတ်ပေးသွားမည်ဖြစ် ကြောင်း ယနေ့ထုတ်သတင်းစာများတွင်တရားဝင်ကြော်ငြာ သွားခဲ့သည် ။ 

မလေးရှားရောက်မြန်မာများ

No comments:

Post a Comment

My Blog List