ၾသစေၾတးလ် ပြည်မမှာ ခိုလှုံခွင့်တောင်းခံလိုသူ မိဘတွေကနေ မွေးလာတဲ့ ရိုဟင်ဂျာ ကလေးငယ်ကို သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်ပေးဖို့ ရှေ့နေတွေ က ထပ်မံအယူခံခဲ့ကြတဲ့အတွက် အဖြေကို စောင့်ဆိုင်း
နေကြပါတယ်။
အဲဒီရိုဟင်ဂျာ မိသားစုဟာ သြစတြေးလျနိုင်ငံကို လှေတွေနဲ့ ရောက်လာတဲ့ အတွက် သြစတြေးလျ အစိုးရက ပြည်မမှာ နေထိုင်ခွင့်မပေးပဲ Nauru ကျွန်းနိုင်ငံက ထိန်းသိမ်းရေး စခန်းကို ပို့ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ ကျန်းမာရေးအခြေအနေကြောင့် ကိုယ်ဝန်သည် ရိုဟင်ဂျာ အမျိုးသမီးကို သြစတြေးလျနိုင်ငံကို ခေါ်လာပြီး Ferouz ဆိုတဲ့ ကလေးကို မွေးပေးခဲ့ပါတယ်။
ကလေးမွေးပြီးရင်တော့ ထိန်းသိမ်းရေးစခန်းကို ပြန်ပို့ခံရဖို့ ရှိပေမယ့် သြစတြေးလျနိုင်ငံမှာ မွေးတဲ့ ကလေးငယ်ကို သြစတြေးလျမှာ နေထိုင်ခွင့်ပေးဖို့ ရှေ့နေတွေက တောင်းဆိုပြီး အစိုးရနဲ့ တရားရုံးမှာ တရားရင်ဆိုင်ကြတာ ဖြစ်ပါတယ်။ သြစတြေးလျ လူဝင်မှု ကြီးကြပ်ရေးဌာနကတော့ အဲဒီကလေးငယ်ဟာ သြစတြေးလျနိုင်ငံကို တရားမဝင် ဝင်လာတဲ့ မိဘနှစ်ပါးက ဆင်းသက်လာတဲ့အတွက် နေထိုင်ခွင့် မပေးနိုင်ဘူးလို့ ပြောပါတယ်။
အရင်လမှာတော့ တရားရုံးက လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဘက်က ရပ်တည်ပြီး အဲဒီ ရိုဟင်ဂျာ ကလေးကို သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်မပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမဲ့ အခုအခါမှာ ထပ်မံ အယူခံဝင်ထားတဲ့အတွက် နေထိုင်ခွင့်ရမလားဆိုပြီး လွှတ်တော်အမတ်တွေရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြပါတယ်။
အဲဒီ ရိုဟင်ဂျာ ကလေးငယ်သာ သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်ရမယ်ဆိုရင် သူ့လို အခြေအနေတူညီတဲ့ တခြား ကလေးငယ် အယောက် ၁၀၀ ကျော်က လည်း နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
ကလေးငယ်ကနေ သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်ရရင် မိဘအုပ်ထိန်းသူနဲ့ တခြားမောင်နှမတွေလည်း နေထိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
ABC
No comments:
Post a Comment