Wednesday, November 26, 2014

အီရန်နျူကလီးယားဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ သတ်မှတ်ရက်ကုန်ဆုံး ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်ကို ထပ်မံသတ်မှတ်


၁၂ နှစ်ကြာသောင်မတင်ရေ မကျ ဖြစ်နေခဲ့သည့် အီရန်နျူကလီးယားပြဿနာ အားသမိုင်းဝင်သဘော တူညီ ချက်တစ်ရပ်ရရှိရန် အီရန်နှင့် ကမ္ဘာ့အင် အားကြီးနိုင်ငံတို့သည် ခုနစ် လကြာ ကြိုးစားဆွေးနွေးမှုများ ပြု လုပ် ခဲ့ကြသည်။ တနင်္လာနေ့ နိုဝင် ဘာ ၂၄ ရက်က သတ်မှတ် ချိန်ကုန် ဆုံးသွားသော်လည်း မည်သည့်သ ဘောတူညီချက်ကိုမှမရရှိခဲ့ကြပေ။

အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှား၊ တရုတ်နှင့် ဂျာမနီနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် အီ ရန်နိုင်ငံခြားရေးဝန်ကြီးနှင့် သြစ တြေးလျနိုင်ငံ ဗီယင်နာမြို့၌ ငါး ရက်ကြာ ဆွေးနွေးခဲ့ကြသည်။ 

ဂျွန်ကယ်ရီကရော အီရန်သမ္မတ ရိုဟာနီကပါ သဘောတူညီချက်တစ် ခုကိုရခဲ့သည်ဟုဆိုကြသည်။ ရိုဟာ နီက ရုပ်မြင်သံကြားမှ ကွာဟချက် များကို ကျဉ်းမြောင်းစေခဲ့သည်ဟု ပြောခဲ့သည်။

မတ်လထဲက ရရှိခဲ့သော သ ဘောတူညီချက်ကို အခြေခံ၍ ဒုတိ ယရက်တိုး သတ်မှတ်သည့် ဇူလိုင် လ ၁ရက်တွင် အခြေခံကျသော သ ဘောတူညီချက်ရအောင်လုပ်ဆောင် သွားမည်ဟု သက်ဆိုင်ရာမှ ပြောခဲ့ သည်။

သူတို့ခက်ခဲတဲ့အခြေအနေကို ရောက်နေကြောင်း၊၁၉ရာစုနန်းတော် ၌ပြုလုပ်သည့်အစည်းအဝေးသို့လာ ရောက်သည့်သတင်းသမားရာပေါင်း များစွာကို ကယ်ရီကပြောခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးက ခုနစ်လမလိုကြောင်း ဆွေးနွေးပွဲကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ် ကြောင်းပြောခဲ့သည်။ ဆွေးနွေးပွဲ၏ အဓိကပြဿနာနှစ်ရပ်မှာ ယူရေနီ ယံသန့်စင်မှုနှင့် ပိတ်ဆို့အရေးယူမှု ဖြစ်သည်။

ဇူလိုင်လ ၁ ရက်အထိ မူလ သတ်မှတ်စည်းကမ်းအတိုင်း အီရန် က တစ်လလျှင်ဒေါ်လာသန်း ၇ဝဝ ကို ၄င်း၏ထိန်းသိမ်းခံအက်ဆက် များမှ ထုတ်ယူရမည်ဖြစ်သည်။ အီ ရန်၏ နျူကလီယားလုပ်ငန်းတချို့ ကို ယခင်အတိုင်း ရပ်ဆိုင်းထားရ မည်ဖြစ်သည်။

ဇန်နဝါရီလတွင် အမေရိကန် လွှတ်တော်နှစ်ရပ်အားရီပတ်ဘလီ ကန်တို့ကြီးစိုးလာမည်ဖြစ်ရာ အီရန် အား ပိတ်ဆို့အရေးယူမှုအသစ်များ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။

AFP
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List