Monday, September 15, 2014

IS နဲ့ အဆက်သွယ်ရှိသူလို့ သံသယရှိသူ ၇ ဦးကို အင်ဒိုဖမ်းမိ


IS ​အစ္စလာမ်မစ်နိုင်ငံ ​တည်ထောင်သူ ​အဖွဲ့ရဲ့ဂျီဟတ်ဒစ် ​လို့ယူဆရသူ ​တူရကီနိုင်ငံသား ​လေးဦးကို ​အင်ဒို နီးရှား ​အကြမ်းဖက်မှု ​တိုက်ဖျက်ရေးတပ်က ​ဖမ်းဆီးလိုက်ပါတယ်။ တူရကီလူမျိုး ​လေးဦးအပြင် ​အင်ဒိုနီးရှား
နိုင်ငံသား ​သုံးဦးကိုပါ ​ဖမ်းဆီးခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီလူတွေကို ​Sulawesi ​ဒေသအလယ်ပိုင်းမှာ ​ဖမ်းမိခဲ့တာ ​ဖြစ်ပြီး ​အဲဒီဒေသဟာ ​အကြမ်းဖက်မှု ​လှုပ်ရှားမှု ​များတဲ့ ​ဒေသဖြစ်တယ်လို့ ​သိရပါတယ်။

အင်ဒိုနီးရှားအစိုးရရဲ့အဆိုအရ ​အင်ဒိုနီးရှားနိုင်ငံသား ​ဒါဇင်နဲ့ချီဟာ ​ဆီးရီးယားနဲ့ ​အီရတ်နိုင်ငံကို ​သွားပြီး ​အဲဒီမှာ ​ဖြစ်နေတဲ့ ​ပဋိပက္ခအတွင်း ​တိုက်ခိုက်ရေးမှာ ​တရားမဝင် ​ပါဝင်နေကြတယ်လို့ ​ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ​အင်ဒိုနီးရှားနိုင်ငံက ​အကြမ်းဖက်သမားတွေဟာ ​အနောက်တိုင်း သားတွေကို ​ပစ်မှတ်ထားတဲ့ ​အကြမ်းဖက်မှုတွေ ​လုပ်လာနိုင်တယ်လို့လည်း ​ပညာရှင်တွေက ​သုံးသပ်ပါတယ်။

၂၀၀၉ ​ခုနှစ်တုန်းက ​အနောက်တိုင်းသားတွေကို ​ပစ်မှတ်ထားတဲ့ ​အကြမ်းဖက်မှု ​တစ်ခု ​အင်ဒိုနီးရှားနိုင်ငံ ​ဟိုတယ်တစ်ခုမှာ ​ဖြစ်ပွားခဲ့ပြီး ​သြစတြေးလျနိုင်ငံသား ​တွေလည်း ​သေဆုံးခဲ့ရပါတယ်။

အခု ​အီရတ်နဲ့ ​ဆီးရီးယားနိုင်ငံက ​အကြမ်းဖက်တွေကို ​နှိမ်နင်းမယ့် ​အထဲမှာ ​သြစတြေးလျ ​ပါဝင်နေတဲ့ အတွက် ​သြစတြေးလျတွေကို ​အကြမ်းဖက်သမားတွေ ​ပစ်မှတ်ထားလာနိုင်တယ်လို့ ​အင်ဒိုနီးရှားနိုင်ငံက ​အကြမ်းဖက်အရေး ​ကျွမ်းကျင်သူက ​သတိပေးထားပါတယ်။ 

ဒါ့အပြင် ​သြစတြေးလျ၊ ​ဗြိတိန်နဲ့ ​ဥရောပ ​နိုင်ငံသားတချို့ဟာလည်း ​စစ်သွေးကြွအဖွဲ့တွေနဲ့ ​ပူးပေါင်း ​တိုက် ခိုက်မှုတွေ ​လုပ်နေတဲ့အတွက် ​ဆိုင်ရာ ​နိုင်ငံကို ​ပြန်လာပြီး ​အကြမ်းဖက်မှု ​လုပ်မှာကို ​ဆိုင်ရာအစိုးရတွေက ​စိုးရိမ်နေကြပါတယ်။

သြစတြေးလျနိုင်ငံက ​အခုအခါမှာ ​အကြမ်းဖက်မှု ​တပ်လှန့်ရေးအဆင့် ​တိုးမြင့်ပြီး ​လုံခြုံရေးတွေ ​တိုးချဲ့ချ ထားပြီ ​ဖြစ်ပါတယ်။

အင်ဒိုနီးရှား ​အစိုးရက ​အကြမ်းဖက် ​နှိမ်နင်းရေးတွေ ​အဆက်မပြတ်လုပ်ခဲ့ပြီး ​၂၀၁၀ ​ပြည့်နှစ်တုန်းက ​အကြမ်းဖက်သမားတွေ ​တပ်စွဲတဲ့နေရာကိုပါ ​ချေမှုန်းနိုင်တဲ့အတွက် ​အကြမ်းဖက်သမားတွေဟာ ​အင်ဒို နီးရှား ​အာဏာပိုင်တွေကိုပါ ​ပစ်မှတ်ထားလာပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ​IS ​စစ်သွေးကြွကို ​ထောက်ခံသူ ​အယောက် ​၂၀၀၀ ​လောက်ရှိနိုင်တယ်လို့ ​အကြမ်း ဖက်သမားတွေနဲ့ ​အွန်လိုင်းကနေ ​ပြုလုပ်တဲ့ ​အဆက်အသွယ်ကို ​စောင့်ကြည့်နေတဲ့ ​သူက ​ပြောပါတယ်။

ABC

No comments:

Post a Comment

My Blog List