ဗိုလ်ချုပ်ကြီးတွေဆိုတာ စွယ်စုံရပုဂ္ဂိုလ်များ ဖြစ်ကြတယ် ဆိုတဲ့အချက်ကို မယုံမရှိ ယုံကြည်မိပါ၏လို့ ပြောရ ပါတော့မယ်။ လက်ရှိ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာဟာ အစိုးရရုံးမှာ သတင်းထောက်တွေ က သီချင်းဆိုပြပေးဖို့ ပြောဆိုတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ 'Return Happiness to Thailand' ဆိုတဲ့ သီချင်းကို စက်တင်ဘာလ ၁၇ ရက်နေ့က သံစဉ်တကျ သီဆိုပြသွားခဲ့တဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာဟာ လွန်ခဲ့တဲ့ မေလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေဖြစ် နေလို့ ထိုင်း စစ်တပ်အာဏာသိမ်းခဲ့ရာမှာ ဦးဆောင် ခဲ့သူလည်းဖြစ်ပါတယ်။
အခုလို ဗိုလ်ချုပ်ကြီးပရာယုဟာ ထိုင်းသီချင်းကို သံစဉ်တကျဆိုပြသွားစဉ်မှာ သူနဲ့အတူ ဝိုင်းဝန်းပြီး သံပြိုင် သီဆိုကြတာကိုလည်း ဘန်ကောက်ပို့စ် သတင်းမှာ တွေ့ရပါတယ်။
အဲဒီသတင်းရဲ့အောက်မှာ ဝေဖန်မှတ်ချက်ပေးသူတွေက အမျိုးမျိုး အဖုံဖုံပါဘဲ။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဟာ ဟာသ ဥာဏ်လည်း ရှိတယ်လို့ မှတ်ချက်ပေးသူလည်းရှိသလို ဆိုတဲ့ သီချင်းကလည်း ရေခဲခေတ်က သီချင်းလို့ မှတ်ချက် ပေးသူလည်း ရှိတယ်။
တချို့လည်း သတင်းထောက်တွေက ကြံကြံဖန်ဖန် ဗိုလ်ချုပ်ကြီးကို သီချင်းဆိုပြခိုင်းရလားဆိုပြီး တော့လည်း ဝေဖန် ထားတာလည်း ရှိပါတယ်။
တန်ဘိုးရှိတဲ့ အချိန်တိုလေးမှာ အခြားအရေးကြီးတဲ့ မေးခွန်းတွေမမေးကြပဲ ဝန်ကြီးချုပ်နဲ့ အလွမ်းသင့်ဖို့ ကြိုးစားတဲ့ မေးခွန်းလိုက်တာလားလို့ ဝေဖန်တာမျိုးလည်း ရှိတယ်။
ဘာပဲပြောပြော ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာကတော့ သီချင်းဆိုပြတဲ့ ထိုင်းဝန်ကြီးချုပ်ဆိုတာ သမိုင်းတွင် ရစ်ပြီ ဖြစ်ပါတယ်။
ဧရာဝတီblog
No comments:
Post a Comment